၂၀၂၀ ခုနှစ်မှာ realme အတွက်
အမှတ်ရစရာများဖြင့်ပြည့်နက်နေသည့်နှစ်တစ်နှစ်အဖြစ်မှတ်တမ်းဝင်ခဲ့ပြီး ၄င်းတို့၏
အရည်အသွေးမြင့်ထုတ်ကုန်များနှင့် စီးပွားရေးဆိုင်ရာ အထင်ကရမှတ်တိုင်များအတွက်
ဆုတံဆိပ်များစွာနှင့် နိုင်ငံတကာအဆင့်အောင်မြင်ကျော်ကြားမှုများကို ရယူနိုင်ခဲ့ကြောင်း သိရှိရသည်။
၂၀၂၀ ခုနှစ်အတွင်း realme ၏အောင်မြင်မှုများက ၄င်းတို့အနေဖြင့် ၂၀၂၀ ကို
လမ်းကြောင်းမှန်ဖြင့်လျှောက်လှမ်းနိုင်ခဲ့ရုံမျှမက
ဘိုမိုင်းနယ်ပယ်အတွင်းကမျှော်လင့်ချက်များထက်ကျော်လွန်ကာ တိုးချဲ့လုပ်ဆောင်နိုင်ခဲ့ပြီး
နယ်ပယ်အစုံတွင် စစ်မှန်သည့်အင်အားရပ်များကိုပြသပေးနိုင်ခဲ့ခြင်းဖြစ်သည်။
realme ၏ စီးပွားရေးဆိုင်ရာ၊ လုပ်ငန်းအဖွဲ့အစည်းဆိုင်ရာနှင့်
တီထွင်ဆန်းသစ်မှုဆိုင်ရာအောင်မြင်မှုအများစုမှာ ရှင်းလင်းတိကျသည့် ရည်မှန်ချက် Vision
၏ရလဒ်ကောင်းကြောင့်ဖြစ်ပြီး နောက်ဆုံးပေါ်နည်းပညာနှင့် ခေတ်ဆန်သည့်ဒီဇိုင်းတို့ကို စုပေါင်းကာ
ထုတ်ကုန် Package တစ်ခုအသွင်းအဖြစ်ထောက်ပံ့ပေးနိုင်ခဲ့ခြင်းဖြစ်ပြီး ပိုမိုအရေးကြီးသည့်အချက်မှာ
၄င်းတို့၏အဓိကပစ်မှတ်စားသုံးသူများဖြစ်သည့် အသက် ၁၈နှစ်မှ ၂၅နှစ်အတွင်းရှိ
တစ်ကမ္ဘာလုံးကလူငယ်များအတွက် တူညီသည့် အမှတ်တံဆိပ်တန်ဖိုးများကို
ထပ်တူကျစွာပြန်လည်ဝေမျှပေးအပ်နိုင်ခဲ့သည့်
ကုမ္ပဏီ၏လက်တွဲပေါင်းစပ်မှုအားသာချက်ကြောင့်ပင်ဖြစ်သည်။
တောင့်တင်းခိုင်မာသည့်အားပေးထောက်ခံမှုကို အခြေပြုကာ ၂၀၂၀ ခုနှစ်အတွင်း
တစ်ကမ္ဘာလုံးအတိုင်းအတာအရ realme မှာ အမှတ်တံဆိပ်ဆိုင်ရာ ဆုတံဆိပ်ပေါင်း ၁၇ဆု၊
ထုတ်ကုန်ဆိုင်ရာ ဆုတံဆိပ်ပေါင်း ၁၅၉ဆုနှင့် ထိပ်တန်းအဆင့်ဒီဇိုင်ပိုင်းဆိုင်ရာဆုတံဆိပ်ပေါင်း
၅ဆုတို့ကို ဆွတ်ခူးရယူနိုင်ခဲ့သည်။
ကမ္ဘာ့အဆင့်အတိုင်းအတာတွင် realme ၏တည်ထောင်သူနှင့် CEO ဖြစ်သူ Sky Li ဦးဆောင်သည့်
လူငယ်အဖွဲ့တို့က ကုမ္ပဏီ၏တန်ဖိုးတို့ကိုပိုမိုမြင့်တက်ရှင်သန်စေခဲ့ပြီး ဝန်ထမ်းများ၏ပျမ်းမျှအသက်မှာ
၂၉နှစ်ဝန်းကျင်သာရှိသည်က သက်သေတစ်ခုဖြစ်စေခဲ့သည်။ ယခုအားသာချက်ကြောင့်ပင် realme
အသင်းအဖွဲ့အနေဖြင့် ကမ္ဘာတစ်ဝန်းလုံးရှိနိုင်ငံများဖြစ်ကြသော အင်ဒိုနီးရှား၊ အိန္ဒိယ၊အီဂျစ်၊ ပိုလန်နှင့်
ပါကစ္စတန် တို့တွင် အဆိုပါနိုင်ငံရှိ အထင်ကရအဖွဲ့အစည်းများနှင့် မီဒီယာတို့က ပေးအပ်ချီးမြှင့်သည့်
တစ်နှစ်တာအမှတ်တံဆိပ်ဆု “Brand of the Year” တို့ကို ဆွတ်ခူးရယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
realme မှာ နိုင်ငံပေါင်း ၁၂ နိုင်ငံတွင်လည်း စျေးကွက်ဝေစုအရ ထိပ်ဆုံး
၅နေရာတွင်ပါရယူရပ်တည်နိုင်ခဲ့ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာအရ စျေးကွက်
၆၁ခုတွင်တိုးချဲ့လုပ်ဆောင်ထားနိုင်ပြီလည်းဖြစ်သည်။ ယခုကဲ့သို့အထင်ကရမှတ်တိုင်းများက
သက်ဆိုင်ရာနယ်ပယ်အသီးသီးရှိ မီဒီယာနှင့် သုတေသနအဖွဲ့အစည်းများ၏ သတင်းအချက်အလက်နှင့်
အစီရင်ခံစားများ အရေးတယူဖော်ပြစေခြင်းများကို ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်သည်။
သုတေသနအဖွဲ့အစည်းဖြစ်သည့် Counterpoint Research က realme အား ကမ္ဘာတွင်
တိုးတက်မှုအမြန်ဆုံးစမတ်ဖုန်းအမှတ်တံဆိပ်အဖြစ် ဂုဏ်ပြုဖော်ပြခဲ့ပြီး ဂုဏ်သရေရှိသတင်းစာ
Financial Times ကလည်း realme ကုမ္ပဏီမှာ အာရှပစိဖိတ်ဒေသတစ်လွှားတွင် ဦးဆောင်သူအဆင့်ကို
ရယူထားပြီဖြစ်ကြောင်းလည်း အတိအလင်းဖော်ပြထားပြီဖြစ်သည်။
Counterpoint Research ၏ ဖော်ပြချက်မှတ်တမ်းအရ ၂၀၂၀ခုနှစ်အတွင်း
အထင်ကရအဖြစ်ဆုံးမှတ်တိုင်တစ်ခုမှာ သမိုင်းမှတ်တမ်းတစ်ခုအဖြစ်ဝင်ရောက်နေရာယူခဲ့ပြီး realme
အနေဖြင့် စမတ်ဖုန်းအလုံးရေး သန်း ၅၀ အထိတင်ပို့ရောင်းချနိုင်သည့် အမြန်ဆုံးကုမ္ပဏီအဖြစ်
တရားဝင်မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။ “Dare to Leap” ဆောင်ပုဒ်ကိုလက်ကိုင်ထားသော realme
အနေဖြင့် သင့်တင့်ဆွဲဆောင်မှုရှိသောစျေးနှုန်းမျိုးဖြင့် ၄င်းတို့၏လူငယ်သုံးစွဲသူများကို
ကိုယ်စားပြုစေမည့် မြန်ဆန်သွက်လက်သောစွမ်းဆောင်ရည်နှင့်
ခေတ်ရှေ့ပြေးဒီဇိုင်းတို့ပေါင်းစပ်ထားသော အရည်အသွေးမြင့်ထုတ်ကုန်များကို
ရောင်းချမည့်မဟာဗျူဟာကို ကျင့်သုံးစေခဲ့ခြင်းဖြစ်သည်။
“realme မှာ တီထွင်ဆန်းသစ်ခြင်း၊ ဒီဇိုင်းပိုင်းနဲ့ ထုတ်ကုန်တန်ဖိုးတို့ကို
ရှေ့တန်းကနေဦးဆောင်ပေးအပ်စေနိုင်စေမယ့် ကျွန်တော်တို့အတွေးအခေါ်ကို
ရှင်သန်းရပ်တည်စေတာဖြစ်ပါတယ်။ ဒီတန်ဖိုးတွေဟာ
လူငယ်တွေကိုယှဥ်တွဲသိရှိစေနိုင်မယ့်အရာတွေလည်းဖြစ်ပါတယ်” ဟု realme ၏ CEO ဖြစ်သူ Sky Li
ကထုတ်ဖော်ပြောဆိုထားသည်။ realme ၏ ခေတ်ရှေ့ပြေးပုံရိပ်နှင့် ထုတ်ကုန်ကျော်ကြားမှုတို့က
သုံးစွဲသူယုံကြည်မှုနှင့် အမှတ်တံဆိပ်လူသိများစေမှုတို့တည်ဆောက်ရာတွင်
ကြီးစွာထောက်ကူမှုပြုစေခဲ့ပြီး ယခုကဲ့သို့အောင်မြင်မှုမျိုးကို
တစ်ကြိမ်တခဏတာအတွက်သာလျှင်မဟုတ်စေဘဲ ကျွန်တော်တို့ကဲ့သို့ ငယ်ရွယ်သည့်ကုမ္ပဏီမျိုးက
အနာဂတ်အထိမျှော်မှန်ထားသည့် ပိုမိုကြီးမားသောအရာတစ်ခုအဖြစ်ပုံဖော်သွားစေရန်ပင်ဖြစ်ကြောင်း
Sky Li က ဖြည့်စွက်ပြောဆိုသွားခဲ့သည်။
realme ၏ ထုတ်ကုန်များသည် အိန္ဒိယနိုင်ငံမှ ကျော်လွန်ကာ ဥရောပ ပိုလန်နိုင်ငံမှ အာဖရိကဘက်ရှိ
အီဂျစ်နိုင်ငံများမှ နှစ်သက်သဘောကျမှုများကိုပါ ရယူထားနိုင်ပြီဖြစ်သည်။
၄င်းတို့၏ထုတ်ကုန်များအတွက် တစ်ကမ္ဘာလုံးအတိုင်းအတာအရ ဆုတံဆိပ်ပေါင်း ၁၆၀
ကျော်အထိရရှိထားသလို realme ၏ ပင်မအုပ်မြစ်များထဲမှတစ်ခုမှာ
ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်မှုအပေါ်တွင်အာရုံစိုက်စေပြီး သုံးစွဲသူများ၏ ဆန္ဒနှင့်တောင်ဆိုမှုများအတိုင်း
ဖြည့်ဆည်းပေးသွားရန်ပင်ဖြစ်သည်။ ယခုကဲ့သို့လုပ်ဆောင်နိုင်ခြင်း၏သက်သေအဖြစ် realme မှာ
မတူညီသည့် တိုက်ကြီး ၃တိုက်အတွင်းရှိ လူငယ်များကပေးအပ်သည့် ဆုတံဆိပ်ပေါင်း ၁၇ ခုကျော်ကိုပါ
ရယူထားနိုင်ခဲ့ပြီး ကမ္ဘာတစ်ဝန်းလုံးရှိလူငယ်များက သတ်မှတ်ထားသော
ပထမဦးစားပေးရွေးချယ်မှုအဖြစ်ပါ realme က ရှင်းလင်းသေချာစွာ ပြသထားနိုင်ပြီဖြစ်သည်။ realme
၏အောင်မြင်မှုများမှာ အားလုံး၏အမြင်ကိုဖမ်းစားနှစ်သက်စေခဲ့သလို
နိုင်ငံတကာဒီဇိုင်းအသိုင်းအဝိုင်းကလည်း အလေးထားဂရုပြုမိသည်အထိပါ အောင်မြင်မှုအရှိန်ကို
ဖြန့်ကျက်နိုင်ခဲ့သည်။ ငယ်ရွယ်နုနယ်သေးသော်လည်း realme မှာ
နိုင်ငံတကာအဆင့်မြင့်ဒီဇိုင်းဆုတံဆိပ်များ ၅ဆုအထိ မတူညီသည့်ထုတ်ကုန် ၃မျိုးအတွက် Good
Design Award 2020၊ realme X2 Pro အတွက် Red Dot Design Award၊ Golden Pin Award
နှင့်ဆုများစွာတို့ကို ဆွတ်ခူရရှိထားခဲ့သည်။ ကမ္ဘာ့အဆင့်ဒီဇိုင်းမျိုးကို
နောက်ဆုံးပေါ်နည်းပညာနှင့်ပေါင်းစပ်ဖန်တီးကာ realme အနေဖြင့် ပြိုင်ဆိုင်မှုပြင်းထန်စေသော
စျေးနှုန်းအမျိုးမျိုးဖြင့် စျေးကွက်များစွာဆီသို့ 5G နည်းပညာကိုမိတ်ဆက်ပေးနိုင်ခဲ့သည့် အဦးဆုံး
အမှတ်တံဆိပ်အဖြစ်ပါ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ပြီး အထူးသဖြင့် စျေးနှုန်း ဒေါ်လာ ၃၀၀
အောက်သာကျသင့်စေမည့် realme 7 5G version ကို တစ်ကမ္ဘာလုံးအတိုင်းအတာအထိ Global Launch
အဖြစ်ပါမိတ်ဆက်ပေးခဲ့သည်။ လူသိများထင်ရှားသည့်
မိုဘိုင်းသတင်းအချက်အလက်တင်ဆက်ပေးသည့် GSM Arena သတင်းဌာနကလည်း ၂၀၂၀
ခုနှစ်အတွက် ပထမဆုံး midrange all-rounder (ဘက်စုံသုံးစမတ်ဖုန်း) အဖြစ် realme
အမှတ်တံဆိပ်အား ဖော်ပြသတ်မှတ်ခဲ့သည်။
ယခုကဲ့သို့ မဟာဗျူဟာနှင့် စျေးကွက်ဦးဆောင်မှုကို ကုမ္ပဏီ၏သုံးစွဲသူများက
လိုလိုလားလားသတ်မှတ်ပေးခဲ့ကြပြီး အိန္ဒိယတွင် realme မှာ တစ်ကိုယ်ရည်သုံးစမတ် audio
ထုတ်ကုန်ပေါင်း ၁သန်းကျော်အထိ ရောင်းချထားနိုင်ခဲ့သလို အဆိုပါ audio
စျေးကွက်သို့စတင်ဝင်ရောက်လာသည့် အမှတ်တံဆိပ်အသစ်တစ်ခုအနေဖြင့် ၂၀၂၀ခုနှစ် ဒုတိယ
၃လပတ်အတွင်း စျေးကွက်ဝေစုအနေအထားတွင် တတိယနေရာအထိ ရပ်တည်နိုင်ခဲ့သည်။ ၂၀၂၀
ခုနှစ်အတွင်း တောင့်တင်းမြင့်မားသည့်အရှိန်အဟုန်တိုးတက်မှုများနှင့်အတူ realme မှာ စျေးကွက်ကို
လှုပ်ခတ်သွားစေမည့် တိုးတက်အင်အားသစ်တစ်ရပ်အဖြစ် ၂၀၂၁ ခုနှစ်အတွင်း ပိုမိုတောင့်တင်းပြီး
ပိုမိုမြန်ဆန်သော အသွင်ဖြင့် ကျော်ဖြတ်ဝင်ရောက်သွားရန်ရှိနေသည်။
#realme
You must log in to post a comment.