50MP ကင်မရာပါမှာ သေချာသွားတဲ့ Honor V40 5G

Honor V40 ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ကြေညာဖို့ စီစဉ်ထားခဲ့ပေမယ့် ပိုင်ရှင် ပြောင်းသွားတဲ့အတွက် ကြေညာမယ့် အချိန်ကို ဇန်နဝါရီလ အစောပိုင်းသို့ နောက်ဆုတ်ခဲ့ပါတယ်။ မကြာခင်ကပဲ Honor က ကြေညာမယ့် နေ့ကို ဒီလ ၁၈ ရက်နေ့လို့ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ အခုတော့ Honor က သူ့မှာ 50MP ပင်မ ကင်မရာ ပါလာမယ်လို့ ဗီဒီယို ၁ ခုနဲ့ အတည်ပြုလိုက်ပြီး ဗီဒီယိုမှာ Low Light စွမ်းရည်ကို ကြွားထားပါတယ်။


Honor အရင်က မျှဝေထားတဲ့ ပိုစတာအရ သူ့မှာ မျက်နှာပြင်ကွေး ပါလာမှာ ဖြစ်ပြီး Dual Punch Hole ကင်မရာတွေ တပ်ဆင်ထားမှာပါ။ သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး အောက်ခြေမှာ USB Type-C Port နဲ့ စပီကာတွေ တပ်ဆင်ထားတာမြင်ရပါတယ်။

အရင်က Honor V40 ရဲ့ ဓါတ်ပုံနဲ့ သတင်းအချက်အလက်များစွာ မကြာခဏ ပေါက်ကြားခဲ့ပါတယ်။ မူလက စီစဉ်ထားတဲ့ Kirin 9000 အစား Dimensity 1000+ Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 66W Fast Charging ပါလာနိုင်ပါတယ်။ 90Hz or 120Hz Refresh Rate ထည့်သွင်းထားမယ်လို့ သိရပါတယ်။

မကြာခင်က V40 ရဲ့ ဓါတ်ပုံနဲ့ ပုံကြမ်းတွေ ထွက်လာပြီး အရှေ့ဘက်မှာတော့ ဆဲလ်ဖီး ကင်မရာ ၂ လုံး တပ်ဆင်ထားတဲ့ ဆေးတောင့်ပုံ Punch Hole ကို တွေ့ရပါတယ်။ မျက်နှာပြင်ဟာ ဘေးဘက်တွေမှာ ကွေးညွှတ်နေတာ မြင်ရပြီး သေသေချာချာလေ့လာကြည့်ရင် အနောက်ကင်မရာတွေထဲမှာ Leica ရဲ့ ကင်မရာ ၁ လုံး ပါလာပါတယ်။

အရှေ့ဘက်က Punch Hole ကင်မရာဟာ အရွယ်အစား သေးငယ် လှပပါတယ်။ အနောက်ဘက်မှာတော့ ကင်မရာ ၄ လုံး တပ်ဆင်ထားပါတယ်။ မကြာခင်ကလည်း သူ့မှာ အမြန်ဆုံး Touch Sampling Rate ပါလာမယ်လို့ သတင်းထွက်လာပါတယ်။

Ref : gsmarena

%d bloggers like this: