Snapdragon 480 ပါတဲ့ Vivo Y31s ကို ကြေညာ

Qualcomm ဟာ ပြီးခဲ့တဲ့ ၁ ပတ်က Snapdragon 480 ကို ကြေညာခဲ့ပြီး 5G ထောက်ပံ့တဲ့ ပထမဆုံး 400 Series Chipset ဖြစ်လာပါတယ်။ အခုတော့ Vivo က အားလုံးထက်လက်ဦးမှုရယူပြီး အဲဒီ Chipset ပါတဲ့ ပထမဆုံး စမတ်ဖုန်းကို ကြေညာလိုက်ပါတယ်။

Vivo Y31s လို့ နာမည်ပေးထားပြီး ၆.၅၈ လက်မ LCD FHD+ မျက်နှာပြင် ထည့်သွင်းထားပါတယ်။ 90Hz Refresh Rate ထောက်ပံ့ထားပြီး အရွယ်သေး Notch မှာ 8MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 13MP Main , 2MP Depth ကင်မရာ ၂ လုံးကို LED Flash ၁ လုံးနဲ့ ပူးတွဲထားပါတယ်။

4GB or 6GB RAM ရွေးချယ်နိုင်ပြီး 128GB Storage ထည့်သွင်းထားပါတယ်။ 18W Charging ထောက်ပံ့တဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီက အမိုက်စားပါ။ Android 11 အခြေပြု FunTouch OS 10.5 ပါလာပြီး အညို၊ အနီနဲ့ အရောင်ပြောင်း မော်ဒယ် ၃ ခု ထုတ်လုပ်ထားပါတယ်။

4GB RAM Version ကို ၁,၄၉၈ ယွမ်နဲ့ 6GB RAM Version ကို ၁,၆၉၈ ယွမ် အသီးသီး သတ်မှတ်ထားပြီး ၃ သိန်းနဲ့ ၃ သိန်း ၄ သောင်းလောက် အသီးသီး ကျသင့်မှာပါ။ တရုတ်မှာ ရောင်းပေးလိုက်ပါပြီ။

Ref : gsmarena

%d bloggers like this: