ထိုင်းမှာ မှတ်ပုံတင်လိုက်တဲ့ Samsung Galaxy A32 5G

Samsung Galaxy A32 5G ရဲ့ သတင်းတွေ မကြာခဏ ပေါက်ကြားနေပါတယ်။ အခုလည်း ထိုင်းက NBTC မှာ မှတ်ပုံတင်လိုက်ပြီ ဖြစ်ပြီး အရှေ့တောင်အာရှမှာ ရောင်းမှာ သေချာသွားပါပြီ။ အဲဒီမှာ သူ့ရဲ့ Specs တွေကို မဖော်ပြထားပါဘူး။

မကြာခင်က သူ့ကို Geekbench မှာ တွေ့ခဲ့ရပြီး Android 11 , 4GB RAM နဲ့ Dimensity 720 SoC တွေ ပါလာမယ်လို့ သိရပါတယ်။ အရင် ဓါတ်ပုံတွေအရ Infinity-U မျက်နှာပြင် ဒီဇိုင်းကို အသုံးပြုထားပါတယ်။ အနောက်ဘက်မှာ ကင်မရာတွေထဲမှာ 48MP Main , Ultrawide နဲ့ 2MP Depth တွေ ပါလာနိုင်ပါတယ်။

Winfuture.de က Samsung Galaxy A32 5G ရဲ့ တရားဝင် ဓါတ်ပုံတွေကို မျှဝေလိုက်ပြီး အရင်က ထွက်ခဲ့တဲ့ ခန့်မှန်း ဒီဇိုင်းနဲ့ တူညီနေပါတယ်။ အနောက်ကင်မရာ ဒီဇိုင်းက ထူးခြားပြီး ဘောင်မကွပ်ထားတာက LG Velvet ဒီဇိုင်းနဲ့ ဆင်တူနေပါတယ်။ သူ့မှာ ၆.၅ လက်မ LCD မျက်နှာပြင် ထည့်သွင်းထားနိုင်ပြီး မျက်နှာပြင်အောက်ဘက်က Chin ဟာ နည်းနည်း ထူနေပါတယ်။ ဘေးဘက်လက်ဗွေရာ အာရုံခံကိရိယာ မြှပ်နှံထားတာ မြင်ရပါတယ်။

ဖုန်းရဲ့ အောက်ခြေမှာ နားကြပ်ပေါက်၊ USB-C Port ၊ စပီကာနဲ့ မိုက်ကရိုဖုန်းတွေကို မြင်ရပါတယ်။ ပလတ်စတစ် ကိုယ်ထည်ကို အသုံးပြုထားမယ်လို့ ထင်ရပါတယ်။ လက်ရှိမှာ သူ့ အကြောင်းကို ဒီလောက်ပဲ သိရပါသေးတယ်။ မကြာခင်မှာ သူ့ရဲ့ သတင်းအချက်အလက်တွေ ပိုမို ထွက်ပေါ်လာမယ်လို့ ထင်ပါတယ်။

Ref : gsmarena

%d bloggers like this: