OPPO Find X3 Series ကို မတ်လ ကြေညာမည်

OPPO Find X3 Series သတင်းတွေ မကြာခဏ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ သူတို့ကို မတ်လမှာ ကြေညာမယ်လို့ OPPO က အတည်ပြုလိုက်ပါတယ်။ ကြေညာမယ့် နေ့ အတိအကျကို မပြောသေးပါဘူး။ OPPO Find X3 Pro မှာ 65W Fast Charging ပါမယ်ဆိုတာလည်း သိထားပြီးပါပြီ။ အခုတော့ တရုတ်ကနေ ထွက်လာတဲ့ သတင်းအရ သူ့ရဲ့ အားသွင်းနှုန်းဟာ အရင်မျိုးဆက်ထက် ၂၀ ရာခိုင်နှုန်း ပိုမြန်မယ်လို့ သိရပါတယ်။

OPPO က နောက်ထုတ်မယ့် Find X ဖုန်း အသစ်မှာ Snapdragon 888 Chipset ပါမယ်လို့ သတင်းပေးထားပြီး အဲဒီဖုန်းဟာ OPPO Find X3 Pro ဆိုတာ သေချာပါတယ်။ မကြာခင်က သူ့ရဲ့ Specs တွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ သူ့မှာ ၆.၇ လက်မ Quad HD+ OLED မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 120Hz Refresh Rate ထောက်ပံ့ထားမှာပါ။ 50MP Sony IMX766 Sensor , 13MP Telephoto နဲ့ 3MP Macro ကင်မရာ ၃ လုံး ပါလာမှာ ဖြစ်ပြီး 25x Zoom ထောက်ပံ့ထားမှာပါ။

အထူက ၈ မီလီမီတာရှိမှာ ဖြစ်ပြီး အလေးချိန်က ၁၉၀ ဂရမ်လောက် ရှိမှာပါ။ 65W SuperVOOC 2.0 နဲ့ 30W VOOC Air Wireless Charging ပါတဲ့ 4500mAh ဘက်ထရီ ထည့်ထားမှာပါ။

OPPO Find X3 Pro rumoured specifications

• 6.7-inch ( 1440 x 3216 pixels) Quad HD+ OLED 20.1:9 display with HDR10+, 10Hz-120Hz adaptive refresh rate, 525PPI, end-to-end 10-bit color support
• 2.84GHz Octa-Core Snapdragon 888 5nm Mobile Platform with Adreno 660 GPU
• Android 11 with ColorOS 11
• Dual SIM (nano + nano)
• 50MP camera with Sony IMX766 sensor, OIS, 50MP 120° ultra-wide Sony IMX766 sensor,13MP telephoto camera, OIS, 3MP macro camera
• In-display fingerprint sensor
• 5G SA/NSA, Dual 4G VoLTE, Wi-Fi 6 802.11 ax, Bluetooth 5.2, GPS/GLONASS, dual-antenna NFC, USB Type-C
• 4500mAh (Typical) battery with 65W SuperVOOC 2.0 flash charge, 30W VOOC Air wireless charging

OPPO Find X3 Pro အတွက် အနက်နဲ့ အပြာရောင် ထုတ်လုပ်ထားမှာ ဖြစ်ပြီး နောက်ပိုင်းမှာ အဖြူရောင် ထွက်လာနိုင်ပါတယ်။
Ref : fonearena

%d bloggers like this: