Amazfit GTR 2e နဲ့ GTS 2e ကို အိန္ဒိယမှာ ဒီလထဲ ကြေညာမည်

Amazfit က GTS 2e နဲ့ GTR 2e ကို ပြီးခဲ့တဲ့ လက ကြေညာခဲ့ပြီး အခုတော့ ဒီလထဲ အိန္ဒိယမှာ ချပြတော့မှာပါ။ သူတို့ဟာ စက်တင်ဘာလက ကြေညာခဲ့တဲ့ GTR 2 နဲ့ GTS 2 ရဲ့ တန်ဖိုးနည်း မော်ဒယ်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့မှာ GTR 2 နဲ့ GTS 2 ရဲ့ အမိုက်စား လုပ်ဆောင်ချက်တွေ အကုန်လုံးပါလာပြီး ဘက်ထရီ သက်တမ်း ပိုကောင်းလာသလို ဈေးက ပိုချိုလာပါတယ်။ ဒါပေမယ့် WiFi ဆက်သွယ်မှုမပါတဲ့အတွက် ဖုန်းရဲ့ ဆက်သွယ်မှုကိုပဲ အားကိုးရမှာပါ။

GTS 2e မှာ 246mAh ဘက်ထရီ ပါလာပြီး ၂၅ ဂရမ် အလေးချိန် ရှိပါတယ်။ NFC ဆက်သွယ်မှု ပါလာပြီး WiFi မပါတဲ့အတွက် ၁ ခါအားအပြည့်သွင်းထားရင် ဘက်ထရီ သက်တမ်းက ၁၄ ရက်တောင် အသုံးခံတာက မိုက်ပါတယ်။ Basic Watch Mode နဲ့သုံးရင် ၂၄ ရက်တောင် အသုံးခံပါတယ်။

GTR 2e ရဲ့ Basic Watch Mode က ၄၅ ရက်တောင် အသုံးခံပြီး GTR 2 ထက် ပိုမိုက်လာပါတယ်။ Sports Mode အပိုင်းကတော့ တူညီပါတယ်။ Amazfit GTR 2e နဲ့ GTS 2e ကို တရုတ်မှာ ၇၉၉ ယွမ် သတ်မှတ်ထားပြီး ၁ သိန်း ၇ သောင်းလောက်ကျသင့်မှာပါ။ အိန္ဒိယ ရောင်းဈေးကို မသိရသေးပါဘူး။

Ref : gsmarena

%d bloggers like this: