Huawei Nova 8 Pro King of Glory Edition ကို ကြေညာ

Huawei က တရုတ်မှာ Nova 8 Pro ကို ပြီးခဲ့တဲ့ လက ကြေညာခဲ့ပြီး ရောင်းချပေးထားပါတယ်။ အခုတော့ Huawei Nova 8 Pro King of Glory Edition ကို မိတ်ဆက်လိုက်ပြီး စိတ်ဝင်စားစရာ ဒီဇိုင်းနဲ့ UI Theme အသစ် ပါလာပါတယ်။ King of Glory Fans တွေ အကြိုက်တွေ့ကြမှာ ဖြစ်ပြီး အနောက်ဘက်မှာ Luban Character ရေးဆွဲထားပါတယ်။

Specs တွေက မပြောင်းလဲပါဘူး။ သူ့မှာ ၆.၇၂ လက်မ FHD+ OLED မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate နဲ့ 300Hz Touch Sampling Rate ထည့်သွင်းထားပါတယ်။ 32MP Ultrawide နဲ့ 16MP Portrait ဆဲလ်ဖီး ကင်မရာ ၂ လုံးကို Punch Hole မှာ တပ်ဆင်ထားပါတယ်။ Kirin 985 SoC နဲ့ 8GB RAM ပါပါတယ်။

အနောက်ဘက်ဟာ နေရောင်ခြည်ကျရင် အလင်းပြန်တဲ့ AG Anti-glare Glass နည်းပညာကို သုံးထားပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ထည့်သွင်းထားပြီး Android 10 အခြေပြု EMUI 11 ပါပါတယ်။ 4,000mAh ဘက်ထရီ ထည့်သွင်းထားပြီး 66W SuperCharge Fast Charging ပါပါတယ်။

HUAWEI Nova 8 Pro specifications

• 6.72-inch (2676 x 1236 pixels) FHD+ OLED 120 Hz curved display
• Kirin 985 5G (2 x Cortex-A76 Based 2.56 GHz + 2 x Cortex-A76 Based 2.40 GHz + 4 x Cortex-A55 1.84 GHz) processor with ARM Mali-G77 GPU, Big Core + Tiny Core NPUs (Neural-network Processing Unit)
• 8GB RAM with 128GB / 256GB storage
• Android 10 with EMUI 11
• Dual SIM (nano + nano)
• 64MP camera with f/1.8 aperture, 8MP ultra-wide camera with f/2.4 aperture, 2MP depth and 2MP macro camera with f/2.4 aperture
• 32MP ultra-wide front camera with f/2.4 aperture, 16MP portrait camera with f/2.2 aperture
• In-display fingerprint sensor
• Dimensions: 163.32 x 74.08×7.85mm; Weight: 184g
• USB Type-C Audio
• 5G SA/NSA, Dual 4G VoLTE, Wi-Fi 802.11 ax, 2 x 2 MIMO, Bluetooth 5.2 LE, GPS (L1 + L5 dual frequency), NFC, USB Type-C
• 4000mAh (typical) / 3900mAh (minimum) with 66W SuperCharge fast charging

King of Glory Edition ရဲ့ ဈေးဟာ မူလ မော်ဒယ်နဲ့ တူညီပြီး 8/128GB ကို ၃,၉၉၉ ယွမ် သတ်မှတ်ထားပါတယ်။ ၈ သိန်း ၃ သောင်းလောက်ကျသင့်ပြီး မနက်ဖြန် တရုတ်မှာ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: