Wireless Charging ပါတဲ့ OPPO Enco X ကြိုးမဲ့ နားကြပ်ကို ၁၈ ရက်နေ့ အိန္ဒိယမှာ ကြေညာမည်

OPPO က အိန္ဒိယမှာ Enco X True Wireless နားကြပ်ကို ၁၈ ရက်နေ့ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ သူ့ကို တရုတ်မှာ အရင်နှစ်နှောင်းပိုင်းက မိတ်ဆက်ခဲ့တာ ဖြစ်ပြီး အခုတော့ အိန္ဒိယကို ရောက်လာတော့မှာပါ။ သူ့မှာ 6mm Front Superconducting Magnetic Plane Disphragm Unit နဲ့ 11mm Three-layer Composite Moving Coil Unit ထည့်သွင်းထားတဲ့အတွက် အသံကြည်လင်ပြတ်သားပါတယ်။ DBEE 3.0 Hi-Fi Audio ထောက်ပံ့ထားပြီး 47ms Low-latency ပါပါတယ်။

ပတ်ဝန်းကျင်က မလိုလားအပ်တဲ့ ဆူညံသံတွေကို ဖျောက်ပေးနိုင်တာက မိုက်သလို ကားဟွန်းတီးသံလို အရာတွေကို ကြားနိုင်အောင် ပြုလုပ်ပေးနိုင်တဲ့ Transparency Mode လည်း ထည့်သွင်းထားပါတယ်။ နားကြပ်မှာ နားနဲ့ အံဝင်ခွင်ကျဖြစ်သလား ဆိုတာ စစ်ဆေးပေးတဲ့ လုပ်ဆောင်ချက် ပါလာပြီး အကောင်းဆုံး အသံအရည်အသွေးရအောင်နဲ့ ဆူညံသံတွေ မကြားရအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ နားကြပ်နဲ့ Charging Case က ဘက်ထရီ ၂ ခု ပေါင်းရင် ၂၄ နာရီတောင် အသုံးခံပါတယ်။

OPPO Enco X specifications

• Bluetooth 5.2 (LHDC, AAC, SBC) to connect to Android and iOS devices
• 11mm moving coil unit + 6mm plane diaphragm unit
• Touch controls for volume, call control, track change
• Dual microphones for active noise cancellation, triple microphones for call noise reduction
• 47m Bluetooth low-latency dual transmission
• Water resistant (IP54)
• Weight: 4.8g for each headset; 42.5g for the case
• 44mAh battery offers 5.5hours (4h with ANC) of standalone music playback, 535mAh battery on the case offers 24h (20h with ANC) battery life, Qi wireless charging case

OPPO Enco X အတွက် အနက်၊ အပြာနဲ့ အစိမ်းရောင် ထုတ်လုပ်ထားပြီး တရုတ်မှာ ၉၉၉ ယွမ် သတ်မှတ်ထားပါတယ်။ ၁ သိန်း ၉ သောင်းလောက်ကျသင့်ပြီး အိန္ဒိယရောင်းဈေးကို မသိရသေးပါဘူး။

Ref : fonearena

%d bloggers like this: