5,000mAh ဘက်ထရီ ပါတဲ့ Vivo Y12s ကို အိန္ဒိယမှာ ကြေညာ

Vivo က ၂၀၁၉ မှာ Y12 ကို ကြေညာခဲ့ပြီး အခုတော့ အိန္ဒိယမှာ တန်ဖိုးနည်း Y12s ကို ကြေညာလိုက်ပါတယ်။ သူ့မှာ ၆.၅၁ လက်မ HD+ LCD မျက်နှာပြင် ထည့်သွင်းထားပြီး 20:9 Aspect Ratio က မျက်နှာပြင် အရှည် ဒီဇိုင်း ဖြစ်ပါတယ်။ Helio P35 Chipset မောင်းနှင်ထားပြီး 3GB RAM နဲ့ 32GB Storage ပါတဲ့အပြင် microSD Card စိုက်နိုင်ပါတယ်။

Android 10 OS အခြေပြု FunTouch OS 11 မောင်းနှင်ထားပြီး အရွယ်ကြီး 5,000mAh ဘက်ထရီနဲ့ 10W Charging ပါလာပါတယ်။ အနောက်ဘက်မှာ 13MP နဲ့ 2MP ကင်မရာ ၂ လုံးကို ဒေါင်လိုက် တပ်ဆင်ထားပြီး အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး ထည့်သွင်းပေးထားပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့ Face Unlock ပါပါတယ်။

အရွယ်အစား အပြည့်အစုံက 164.41 x 76.32 x 7.41mm ဖြစ်ကာ ၁၉၁ ဂရမ် အလေးချိန်ရှိပါတယ်။ ဆက်သွယ်မှု အပိုင်းမှာ dual SIM Support , Wi-Fi 802.11ac, Bluetooth 5.0, GPS, micro USB နဲ့ 3.5mm Audio Jack တွေ ထည့်သွင်းထားပါတယ်။ Phantom Black နဲ့ Glacier Blue ၂ ရောင် ထုတ်လုပ်ထားပါတယ်။ ၉,၉၉၀ ရူပီး သတ်မှတ်ထားပြီး ၁ သိန်း ၈ သောင်းလောက်ပဲရှိပါတယ်။

Vivo Y12s specifications

• 6.51-inch (1600 x 720 pixels) HD+ 20:9 LCD screen
• Octa Core MediaTek Helio P35 12nm processor (ARM Cortex A53 CPU) with IMG PowerVR GE8320 GPU
• 3GB RAM, 32GB storage, expandable memory with microSD
• Dual SIM (nano + nano + microSD)
• Android 10 with Funtouch OS 11
• 13MP rear camera with LED flash, f/2.2 aperture, 2MP depth sensor with f/2.4 aperture
• 8MP front-facing camera with f/1.8 aperture
• Dimensions: 164.41×76.32×8.41mm; Weight: 192g
• Side-mounted fingerprint sensor
• 3.5mm audio jack, FM Radio
• Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS/ GLONASS/ Beidou, micro USB
• 5000mAh battery with 10W charging

Ref : gizbot

%d bloggers like this: