LG က CES 2021 မှာ Rollable စမတ်ဖုန်းကို ပြသ

LG က CES 2021 Press Conference အဆုံးမှာ LG Rollable အမည်ရ Rollable စမတ်ဖုန်းကို ပြသလိုက်ပါတယ်။ ဖုန်းကို အလျားလိုက် ကိုင်ထားချိန်မှာ မျက်နှာပြင်ကို အထက်သို့ ဆန့်ထုတ်ကာ အသုံးပြုနိုင်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ LG ဟာ မျက်နှာပြင် ၂ ခု ပါတဲ့ Wing ကို ကြေညာချိန်တုန်းကလည်း သူ့ကို ပြသခဲ့ဖူးပါတယ်။ LG ဟာ ၂၀၂၁ အစောပိုင်းမှာ သူ့ကို ကြေညာမယ်လို့ မကြာခင်က သတင်းထွက်လာပါတယ်။

LG က CES 2021 မှာ သူ့ကို စက္ကန့် အနည်းငယ်လောက်ပဲ ပြသခဲ့တာ ဖြစ်ပြီး တခြား သတင်းအချက်အလက်တွေကို မပြောသွားပါဘူး။ LG ဟာ ၂၀၁၉ ကတည်းက သူ့ ဒီဇိုင်းကို United States Patent and Trademark Office (USPTO) မှာ မှတ်ပုံတင်ထားခဲ့တာပါ။

LG က Wing ကို ကြေညာချိန်မှာ Explorer Project ကနေ ထူးခြားဆန်းသစ်တဲ့ ဖုန်းတွေကို ထုတ်လုပ်မယ်လို့ အသိပေးခဲ့ဖူးပါတယ်။ LG Rollable ဟာလည်း Explorer Project ကနေ ဖန်တီးထားတာ ဖြစ်နိုင်ပြီး LG Wing လိုပဲ ထုတ်လုပ်ရောင်းချနိုင်ပါတယ်။

TCL ကလည်း အရင်နှစ်က သုံးခေါက် ခေါက်ချိုးနိုင်တဲ့ Concept ဖုန်းနဲ့ OPPO က X 2021 Rollable Concept ဖုန်းကို ပြသခဲ့ဖူးပါတယ်။ အနာဂတ်မှာ Foldable နဲ့ Rollable ဖုန်းတွေ အပြိုင်အဆိုင် ထွက်လာနိုင်ပါတယ်။

Ref : fonearena

%d bloggers like this: