Coolpad က Cool Bass Buds Truly Wireless နားကြပ်ကို ကြေညာ

Coolpad က ကြိုးမဲ့နားကြပ်နယ်ပယ်ကို နယ်ချဲ့လာပြီး ကုမ္ပဏီရဲ့ ပထမဆုံး Truly Wirless နားကြပ် ဖြစ်တဲ့ Cool Bass Buds ကို အိန္ဒိယမှာ ကြေညာလိုက်ပါတယ်။ သူ့မှာ Bass Drivers အမိုက်စား ပါလာပြီး Bluetooth 5.0 ၊ USB Type-C Charging Port တွေ ထောက်ပံ့ထားပါတယ်။

Cool Bass Buds မှာ 13mm Dynamic Drivers ထည့်သွင်းထားပြီး Bass အသံက အရမ်းမိုက်ပါတယ်။ Bluetooth 5.0 ဆက်သွယ်မှုက အရမ်းမြန်ပြီး အားကောင်းပါတယ်။ ပေါ့ပါးတဲ့ Dolphin Design 2.0 ကို သုံးထားတဲ့အတွက် ၄၉ ဂရမ်ပဲ အလေးချိန်ရှိပါတယ်။

Charging Case ဒီဇိုင်းက ထူးခြားပြီး ဘက်ထရီ ပမာဏ ပြပေးတဲ့ ဒစ်ဂျစ်တယ် မျက်နှာပြင် ပါပါတယ်။ နားကြပ် ၁ ခုစီမှာ 40mAh ဘက်ထရီ ပါလာပြီး သီချင်းနားထောင်ရင် ၄ နာရီခွဲခံပါတယ်။ Charging Case က ဘက်ထရီနဲ့ဆိုရင် နာရီပေါင်း ၂၀ အထိ အသုံးခံပါတယ်။ အားသွင်းနှုန်းမြန်ပြီး ၁၅ မိနစ်အားသွင်းရင် ၃ နာရီ သီချင်းနားထောင်နိုင်ပါတယ်။

Coolpad Cool Bass Buds အတွက် အနက်နဲ့ အပြာရောင် ထုတ်လုပ်ထားပြီး အမေဇုန်မှာ ၁,၁၉၉ ရူပီးနဲ့ ရောင်းပေးထားပါတယ်။ မြန်မာငွေ ၂ သောင်းလောက်ပဲရှိတဲ့အတွက် ဈေးချိုပါတယ်။

Ref : fonearena

%d bloggers like this: