11th Gen Intel Core Processor ပါတဲ့ Microsoft Surface Pro 7+ ကို ကြေညာ

Microsoft က Surface Device အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Microsoft Surface Pro 7+ လို့ နာမည်ပေးထားပြီး Intel 11th Gen Core Processor မောင်းနှင်ထားပါတယ်။ LTE ဆက်သွယ်မှု ပါလာပြီး SSD ကို ဖြုတ်လဲနိုင်သလို ဘက်ထရီ သက်တမ်း လန်းပါတယ်။

Microsoft Surface Pro 7+အတွက် 11th Gen Intel Core Processor အထိ ရွေးချယ်နိုင်ပြီး စွမ်းရည်မြင့် Intel Iris Xe Graphics ထောက်ပံ့ထားပါတယ်။ သူ့မှာ ၁၂.၃ လက်မ PixelSense မျက်နှာပြင် တပ်ဆင်ထားပြီး အရှေ့နဲ့ အနောက်ကင်မရာတွေက Full HD ဗီဒီယိုတွေ ရိုက်ကူးနိုင်ပါတယ်။

Microsoft က LTE ဆက်သွယ်မှု ထည့်ပေးထားပြီး SSD ကို ဖြုတ်လဲနိုင်ပါတယ်။ ဘက်ထရီ သက်တမ်းက သာမာန်သုံးရင် ၁၅ နာရီအထိ အသုံးခံတယ်လို့ Microsoft က ပြောပါတယ်။ အာရှ၊ ဥရောနဲ့ မြောက်အမေရိက နိုင်ငံတွေမှာ ရောင်းမှာ ဖြစ်ပြီး ဝိုင်ဖိုင် မော်ဒယ်ကို ၈၉၉ ဒေါ်လာနဲ့ LTE မော်ဒယ်ကို ၁,၁၄၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ၁၂ သိန်းနဲ့ ၁၅ သိန်း ၄ သောင်းလောက် အသီးသီး ကျသင့်မှာပါ။

Ref : fonearena

%d bloggers like this: