Xiaomi Mi 11 ရဲ့ နှလုံးခုန်နှုန်း တိုင်းတာမှုဟာ စမတ်နာရီထက် ပိုတိကျ

Xiaomi Mi 11 ဟာ မျက်နှာပြင်ကနေ နှလုံးခုန်နှုန်းတိုင်းတာနိုင်တဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်ပြီး စီအီးအို လီဂျွန်က သွေးခုန်နှုန်းတိုင်းတာတဲ့ စွမ်းရည်ဟာ ခေတ်ပေါ် စမတ်နာရီတွေထက် မညံ့ဘူးလို့ ပြောထားပါတယ်။ အခုတော့ အသေးစိတ် သတင်းအချက်အလက်‌တွေ ထွက်ပေါ်လာပြီး အပို ကိရိယာတွေ မလိုဘဲ Sub-screen လက်ဗွေရာ စကင်နာမှာ နှလုံးခုန်နှုန်းတိုင်းတာတဲ့ စွမ်းရည် ထည့်ထားတာပါ။ အဲဒီအတွက် ဖုန်း ပိုထူလာတာမျိုး မရှိပါဘူး။

Mi 11 မှာ AMOLED မျက်နှာပြင်ကို Light Source နဲ့ လက်ဗွေရာ ကိရိယာကို Information Receiver အနေနဲ့ သုံးထားပါတယ်။ နှလုံးခုန်နှုန်းတိုင်းပြီဆိုရင် မျက်နှာပြင်ကနေ လက်ချောင်းကို အလင်းထုတ်ပေးမှာ ဖြစ်ပြီး လက်ဗွေရာ ကိရိယာက သွေးခုန်နှုန်းကို တိုင်းပေးပါတယ်။ စီအီးအိုက မျက်နှာပြင်ကနေ ထုတ်ပေးတဲ့ အလင်းရောင်ဟာ သွေးခုန်နှုန်းကို ကောင်းကောင်းတိုင်းတာပေးနိုင်ပြီး တိကျမှု အရမ်းမြင့်တယ်လို့ ပြောပါတယ်။

SGS Lab က စမ်းသပ်ချက်အရ ပရော်ဖက်ရှင်နယ် သွေးခုန်နှုန်းတိုင်း ကိရိယာတွေနဲ့ နှိုင်းယှဉ်ရင် Mi 11 ရဲ့ နှလုံးခုန်နှုန်း ကွာခြားချက်မှာ ၁ မိနစ်ကို ၂.၁၁ ချက် ဖြစ်ပြီး စမတ်နာရီ၊ စမတ်လက်ပတ်တွေက ၁ မိနစ်ကို ၃ ချက် ဖြစ်ပါတယ်။ အဲဒီအတွက် Xiaomi Mi 11 ဝယ်ထားရင် ပရော်ဖက်ရှင်နယ် သွေးခုန်နှုန်းတိုင်း ကိရိယာတွေ မလိုတော့ပါဘူး။ Mi 11 ရဲ့ Specs တွေကို အောက်မှာ ပြန်လည်လေ့လာနိုင်ပါတယ်။

Xiaomi Mi 11 specifications

• 6.81-inch (3200×1440 pixels) Quad HD+ AMOLED 20:9 HDR10 + display with 120Hz refresh rate, 1500nit (HBM) / 900nit (Typ) brightness, 5000000:1 (Min) contrast ratio, MEMC, 100% DCI-P3 Wide Color Gamut, Corning Gorilla Glass Victus protection
• Octa Core Snapdragon 888 5nm Mobile Platform with Adreno 660 GPU
• 8GB LPPDDR5 3200MHz RAM with 128GB / 256GB UFS 3.1 storage / 12GB 3200MHz LPPDDR5 RAM with 256GB UFS 3.1 storage
• Dual SIM (nano + nano)
• MIUI 12 based on Android 11
• 108MP rear camera with 1/ 1.33″ Samsung sensor, 0.8μm pixel size, f/1.85 aperture, OIS, LED flash, 13MP 123° ultra-wide angle lens with f/2.4 aperture, 5MP telemacro camera with f/2.4 aperture, 8k at 30fps, 4k 60fps, 960fps at 720p
• 20MP front-facing camera with 0.8μm pixel size, f/2.4 aperture
• In-screen fingerprint sensor with heart rate monitoring, Infrared sensor
• USB Type-C audio, Hi-Res audio, Dual speakers, SOUND BY Harman Kardon
• Dimensions: 164.3x 74.6 x 8.06mm (glass)/8.56mm (leather); Weight: 196g (glass) / 194g (leather)
• 5G SA/NSA Dual 4G VoLTE, Wi-Fi 6E 802.11 ax 8 x / MU-MIMO, Bluetooth 5.1, GPS (L1 + L5), NFC, USB Type-C
• 4600mAh (Typical) / 4500mAh (Minimum) battery with 55W wired QC4+ / QC3+ / PD3.0, 50W wireless fast charging, 10w wireless reverse charging

Midnight Gray, Horizon Blue နဲ့ Frost White ၃ ရောင် ထုတ်လုပ်ထားပြီး သားရေ မော်ဒယ်အတွက် Lilac Purple နဲ့ Honey Beige တွေ ရွေးချယ်နိုင်ပါတယ်။ 8/128GB ကို ၃၉၉၉ ယွမ် ၊ 8/256GB ကို ၄၂၉၉ ယွမ်နဲ့ 12/256GB ကို ၄၆၉၉ ယွမ် သတ်မှတ်ထားပြီး ၈ သိန်း ၂ သောင်းက စမှာပါ။

Ref : gizchina

%d bloggers like this: