5,000mAh ဘက်ထရီ ပါတဲ့ Vivo Y51A ကို ကြေညာ

Vivo က စွမ်းရည်သင့် Y Series ဖုန်း အသစ် ၁ လုံးကို အိန္ဒိယမှာ ကြေညာလိုက်ပါတယ်။ Vivo Y51A လို့ နာမည်ပေးထားပြီး ပြီးခဲ့တဲ့ လက Y51 ကို ကြေညာခဲ့တာပါ။ Y51A မှာ ၆.၅၈ လက်မ Full HD+ LCD Halo FullView မျက်နှာပြင် ၊ Snapdragon 665 SoC ၊ 8GB RAM နဲ့ Android 11 အခြေပြု Funtouch OS 11 တွေ ထည့်သွင်းထားပါတယ်။

အနောက်ဘက်မှာ 48MP Main, 8MP Ultrawide , 2MP Macro ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 16MP ဆဲလ်ဖီး ကင်မရာ ၁ လုံး ပါပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး 18W Fast Charging ပါတဲ့ 5,000mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။

Vivo Y51A specifications

• 6.58-inch (2408 × 1080 pixels) Full HD+ LCD 20:9 aspect ratio screen
• Octa Core Snapdragon 665 11nm Mobile Platform (Quad 2GHz Kryo 260 + Quad 1.8GHz Kryo 260 CPUs) with Adreno 610 GPU
• 8GB LPDDR4X RAM, 128GB UFS 2.1 storage, expandable memory up to 1TB with microSD
• Android 11 with Funtouch OS 11
• Dual SIM (nano + nano + microSD)
• 48MP primary camera with f/1.79 aperture, LED flash, EIS, 8MP ultra-wide sensor with f/2.2 aperture, 2MP macro sensor with f/2.4 aperture
• 16MP front-facing camera with f/2.0 aperture
• Side-mounted fingerprint sensor
• 3.5mm audio jack, FM Radio
• Dimensions:163.86 × 75.32 × 8.38mm; Weight:188g
• Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS + GLONASS, USB Type-C
• 5000mAh (Typical) battery with 18W fast charging

Vivo Y51A အတွက် Titanium Sapphire နဲ့ Crystal Symphony ၂ ရောင် ထုတ်လုပ်ထားပြီး ၁၇,၉၉၀ ရူပီး သတ်မှတ်ထားပါတယ်။ ၃ သိန်း ၃ သောင်းလောက်ပဲရှိပြီး အိန္ဒိယမှာ ရောင်းပေးလိုက်ပါပြီ။

Ref : fonearena

%d bloggers like this: