Nubia Red Magic 6 မှာ 120W Fast Charging ပါလာမည်

Nubia ဟာ ပြီးခဲ့တဲ့ နှစ်က Red Magic 5S နဲ့ 5G Gaming စမတ်ဖုန်းတွေကို ကြေညာခဲ့ပြီး ဒီနှစ်မှာတော့ Red Magic 6 အလှည့်ရောက်လာပါပြီ။ Nubia က အဲဒီ စမတ်ဖုန်းရဲ့ Teaser ၁ ခုကို မျှဝေခဲ့ဖူးပြီး အနောက်ဘက် ဒီဇိုင်းကိုလည်း မြင်တွေ့ခဲ့ကြရပြီးပါပြီ။ အခုတော့ Nubia က နောက်ထပ် Teaser ၁ ခုကို မျှဝေလိုက်ပြီး ဘက်ထရီ ပမာဏနဲ့ အားသွင်းနှုန်းတွေကို သိလာရပါပြီ။

သူ့မှာ အရမ်းမြန်တဲ့ 120W Fast Charging နဲ့ 4,500mAh ဘက်ထရီတွေ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ ဘက်ထရီ ပမာဏက အရင်နှစ်ထုတ် Red Magic 5S , 5G တွေနဲ့တူညီပါတယ်။ ဒါပေမယ့် အားသွင်းနှုန်းက အရင်မျိုးဆက်ရဲ့ 55W Fast Charging ထက် အများကြီးတိုးတက်လာမှာပါ။

Nubia ရဲ့ နောက်မျိုးဆက် Gaming စမတ်ဖုန်း ဖြစ်တဲ့ Red Magic 6 ရဲ့ သတင်းတွေ ပြီးခဲ့တဲ့ လက ထွက်ပေါ်လာပြီး အနောက်ဘက်ဟာ Electrochromic နည်းပညာ ပါလာပါတယ်။ ခလုတ် ၁ ခု ပါလာပြီး နှိပ်ရင် Trasparent ဖြစ်သွားသလို အရောင်ပြောင်းသွားနိုင်ပါတယ်။

အဲဒီ ဗီဒီယိုကို အောက်မှာ လေ့လာနိုင်ပါတယ်။

နည်းပညာက တော်တော် မိုက်တယ်လို့ ပြောရမှာဖြစ်ပြီး Red Magic 6 ရဲ့ ဒီဇိုင်းက Red Magic 5G နဲ့ တူပါတယ်။ Red Magic 5G မှာလည်း အနောက်ဘက်မှာ Transparent Panel ပါလာပြီး ပန်ကာလည်နေတာကိုတောင်မြင်ရပါတယ်။ ဒီလို အရောင်ပြောင်းတဲ့ နည်းပညာ ပါတဲ့ စမတ်ဖုန်းတွေကို OnePlus နဲ့ Vivo တို့ကလည်း ဖန်တီးနေကြပြီး ဒီနှစ်ထဲမှာ အဲဒီနည်းပညာ ပါတဲ့ ဖုန်းတွေ ထွက်လာနိုင်ပါတယ်။

Nubia က နောက်မျိုးဆက် Z Series စွမ်းရည်မြင့် ဖုန်းမှာ Snapdragon 888 Chipset ပါလာမယ်လို့ အတည်ပြုထားပြီးပါပြီ။ အဲဒီအချိန်လောက်မှာပဲ Red Magic ဖုန်း အသစ်ကို ချပြနိုင်ပါတယ်။ Red Magic 6 ကို ကြေညာမယ့် အချိန်ကို မသိရသေးပေမယ့် Teaser တွေ ထွက်လာပြီ ဖြစ်တဲ့အတွက် ကြေညာဖို့ သိပ်မလိုတော့ဘူးလို့ ထင်ပါတယ်။

Ref : gsmarena

%d bloggers like this: