Black Shark 4 မှာ 120W Fast Charging ပါလာမည်

Black Shark က နောက်မျိုးဆက် Gaming ဖုန်းကို မကြာခင် ကြေညာတော့မယ်လို့ စီအီးအိုက ဝီဘိုမှာ အတည်ပြုလိုက်ပါတယ်။ Black Shark 4 လို့ နာမည်ပေးထားမှာ ဖြစ်ပြီး 120W Fast Charging ထောက်ပံ့ထားပါတယ်။ သူက 4,500mAh ဘက်ထရီ ထည့်သွင်းထားမှာ ဖြစ်ပြီး ၁၅ မိနစ်အတွင်း အားအပြည့်သွင်းနိုင်တယ်လို့ သတင်းပေးထားပါတယ်။

ဒါ့အပြင် 120W Charging ပါတဲ့ Xiaomi ရဲ့ ပထမဆုံး ဖုန်းထက် ပိုကောင်းလာမှာပါ။ Mi 10 Ultra ကို ၂၆ မိနစ်အတွင်းမှာ အားအပြည့်သွင်းပေးနိုင်တယ်လို့ Gsmarena က ပြောပါတယ်။ Xiaomi ကြေညာထားတဲ့ ၂၃ မိနစ်ထက် နည်းနည်း ပိုနေပေမယ့်လည်း ဒါဟာ အရမ်းမြန်တဲ့ အားသွင်းနှုန်း ဖြစ်ပါတယ်။ Black Shark 4 မှာ Cooling ပိုကောင်းလာနိုင်တဲ့အတွက် ဂိမ်းကစားရင် ပိုလန်းလာမှာပါ။

Black Shark က ကြေညာမယ့် အချိန်ကို တရားဝင် မပြောသေးပေမယ့် တရားဝင် Teaser ထွက်လာပြီ ဖြစ်တဲ့အတွက် မကြာခင် ကြေညာတော့မှာ သေချာပါတယ်။

Ref : gsmarena

%d bloggers like this: