120W Fast Charging နဲ့ SD888 ပါတဲ့ iQOO 7 ကို ကြေညာပြီ

iQOO က တရုတ်မှာ စွမ်းရည်မြင့် 5G ဖုန်း အသစ်ကို ကြေညာလိုက်ပါတယ်။ iQOO 7 လို့ နာမည်ပေးထားပြီး ၆.၆၂ လက်မ FHD+ AMOLED မျက်နှာပြင် ထည့်သွင်းထားပါတယ်။ 120Hz Refresh Rate , 300Hz Touch Sampling Rate တွေက ဂိမ်း ကစားရင် တော်တော် မိုက်မှာ ဖြစ်ပြီး စွမ်းရည်မြင့် Snapdragon 888 မောင်းနှင်ထားပါတယ်။

Vapor Chamber Cooling ထည့်သွင်းထားတဲ့ အတွက် ဂိမ်းအကြာကြီး ကစားရင်တောင် အပူမလွန်ကဲစေပါဘူး။ 120W Fast Charging က 4,000mAh ဘက်ထရီကို ၁၅ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ iQOO က BMW နဲ့ ပူးပေါင်း ဖန်တီးထားပြီး အနောက်ဘက်မှာ အနီ၊ အနက်နဲ့ အပြာလိုင်းတွေ ပါတဲ့ iQOO 7 Pro Legendary Version ကိုလည်း ထုတ်လုပ်ထားပါတယ်။

iQOO 7 specifications

• 6.62-inch (2400×1080 pixels) Full HD+ AMOLED 20:9 aspect ratio screen with HDR10+, 120Hz refresh rate, 105% NTSC color gamut
• Octa Core Snapdragon 888 5nm Mobile Platform with Adreno 660 GPU
• 8GB LPDDR5 RAM with 128GB (UFS 3.1) storage / 12GB LPDDR5 RAM with 256GB (UFS 3.1) storage
• Android 11 with OriginOS
• Dual SIM (nano + nano)
• 48MP camera with f/1.79 aperture, LED flash, OIS + EIS, 13MP 120° ultra-wide sensor with f/2.2 aperture, 13MP portrait camera with f/2.46 aperture, OIS, 2x optical zoom, 20x digital zoom
• 16MP front-facing camera with f/2.0 aperture
• In-display fingerprint sensor
• USB Type-C audio, Stereo speakers, CS43131 amp, Hi-Fi audio
• Dimensions: 162.2x 75.8x 8.7mm; Weight:209.5g
• 5G SA/NSA, Dual 4G VoLTE, Wi-Fi 6 802.11 ax, Bluetooth 5.2,GPS/GLONASS, USB Type-C
• 4000mAh (Typical) battery with 120W ultra-fast flash charging

iQOO 7 အတွက် Blackland နဲ့ Latent Blue ၂ ရောင်ထုတ်လုပ်ထားပြီး Legendary Version အတွက် White ၁ ရောင်ပဲ ပါလာပါတယ်။ iQOO 7 ရဲ့ 8/128GB ကို ၃,၇၉၈ ယွမ် ၊ 12/256GB ကို ၄,၁၉၈ ယွမ် သတ်မှတ်ထားပြီး ၇ သိန်း ၈ သောင်းနဲ့ ၈ သိန်း ၇ သောင်းလောက် အသီးသီး ကျသင့်မှာပါ။ ၁၅ ရက်နေ့ တရုတ်မှာ ရောင်းမှာပါ။

ref : fonearena

%d bloggers like this: