Honor Band 6 ကို နိုင်ငံတကာမှာ ရောင်းပြီ

Honor Brand က တရုတ်မှာ Band 6 စမတ်လက်ပတ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလက ကြေညာခဲ့ပြီး စမတ်နာရီနဲ့တောင် ဆင်တူပါတယ်။ အခုတော့ နိုင်ငံတကာအတွက် ကြေညာလိုက်ပြီ ဖြစ်ပြီး ၃၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ၄ သောင်း ၆ ထောင်လောက် ကျသင့်မှာ

သူ့မှာ ၁.၄၇ လက်မ AMOLED မျက်နှာပြင် ပါလာပြီး အရင်မျိုးဆက်ထက် ၁၄၈ ရာခိုင်နှုန်း ပိုကြီးလာပါတယ်။ Watch Faces ပေါင်း ၁၀၀ ထောက်ပံ့ထားပြီး ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်ပါတယ်။

နှလုံးခုန်နှုန်း တိုင်းတာပေးနိုင်သလို သွေးတွင်းအောက်ဆီဂျင် ပမာဏ တွက်ချက်ပေးတာက ကိုဗစ် ကာလမှာ အသုံးဝင်ပါတယ်။ ဘက်ထရီ သက်တမ်းက ၁၄ ရက် ဖြစ်ပြီး Magnetic Charging နဲ့ Fast Charging ပါပါတယ်။ ၅ မိနစ်အားသွင်းရင် ၂ ရက် အသုံးခံတာက မိုက်ပါတယ်။

HONOR Band 6 specifications

• 1.47-inch (194×368 pixels) HD 2.5D AMOLED touch display, 283
PPI
• Bluetooth 5.0 that connects to Android 5.0 and above, NFC (Optional)
• 5ATM Water-resistant up to 50 meters
• 6-axis IMU sensor (Accelerometer sensor, Gyroscope sensor), Optical heart rate sensor
• HUAWEI TruSeen 4.0 heart rate monitoring, HUAWEI TruSleep 2.0 sleep tracking, HUAWEI TruRelax stress tracking, Menstrual cycle tracking
• 10 workout modes (Outdoor running, Indoor running, Outdoor walking, Outdoor cycling, Indoor cycling, Free training, Rowing machine, Elliptical machine, Indoor walking), Automatically tracks 6 workouts
• Dimensions: 43 × 25.4 × 10.45 mm;Weight: 18 grams
• 180mAh battery offers up to 14 days of battery life with typical usage, 10 days with heavy usage, supports fast charging

Honor Band 6 အတွက် Meteorite Black, Seagull Grey နဲ့ Coral Pink အရောင်တွေ ရွေးချယ်နိုင်ပါတယ်။ နိုင်ငံတကာ မော်ဒယ်မှာ NFC မပါလာပါဘူး။

Ref : fonearena

%d bloggers like this: