နောက်လ ကြေညာမှာ သေချာသွားတဲ့ Redmi K40 Series

Redmi K40 Series ကို နောက်လမှာ ကြေညာမယ်လို့ အထွေထွေမန်နေဂျာ Lu Weibing က အတည်ပြုလိုက်ပါတယ်။ သူက အဲဒီ ဖုန်းတွေရဲ့ သတင်းအချက်အလက် တချို့ကိုလည်း မျှဝေလိုက်ပါတယ်။ အနည်းဆုံး Redmi K40 နဲ့ K40 Pro ၂ လုံး ထွက်လာနိုင်ပြီး သူက Pro မှာ Snapdragon 888 Chipset ထည့်သွင်းထားမယ်လို့ အတည်ပြုလိုက်ပါတယ်။

ဒါ့အပြင် အဲဒီဖုန်းရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၂,၉၉၉ ယွမ် ရှိမယ်လို့ သူက ပြောတဲ့အတွက် ၆ သိန်း ၂ သောင်းလောက် ကျသင့်မှာပါ။ K40 Pro ဟာ SD888 ပါတဲ့ ဈေးအချိုဆုံး စမတ်ဖုန်း ဖြစ်လာမှာပါ။ သူက Pro ရဲ့ မျက်နှာပြင် အပြားဟာ ဈေးတော်တော်ကြီးမယ်လို့ သူက အတည်ပြုလိုက်တဲ့အတွက် AMOLED ပါလာနိုင်ပါတယ်။

အရင်သတင်းတွေအရ Redmi K40 မှာ Snapdragon 775G Chipset သို့မဟုတ် MediaTek Dimensity 1000+ SoC မောင်းနှင်ထားနိုင်ပြီး Sony IMX686 64MP Main ကင်မရာနဲ့ 33W Fast Charging နည်းပညာတွေ ပါလာမယ်လို့ သိရပါတယ်။ Redmi K30 5G ဟာ Snapdragon 765G SoC ပါတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်ပြီး Redmi K40 ဟာလည်း Snapdragon 775G SoC ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာနိုင်ပါတယ်။

Ref : gizmochina

%d bloggers like this: