Vivo V2035 ရဲ့ အဓိက Specs တွေ ထွက်ပေါ်လာ

Vivo V2035 ကို ပြီးခဲ့တဲ့ လက FCC မှာ တွေ့ခဲ့ရပြီးပြီ ဖြစ်ကာ Geekbench မှာတော့ Android 11 နဲ့ 8GB RAM ပါမယ်လို့ ဖော်ပြထားပါတယ်။ Motherboard ကို Bengal လို့ ဖော်ပြထားပြီး Snapdragon 662 သို့မဟုတ် Snapdragon 460 Chipset တွေ ဖြစ်နိုင်ပါတယ်။

Geekbench ရဲ့ ဒေတာ ဘေ့စ်မှာ အဲဒီ စမတ်ဖုန်းရဲ့ တခြား သတင်းအချက်အလက်တွေကို ဘာမှ မဖော်ပြထားသေးပါဘူး။ ဒါပေမယ့် FCC မှာ‌တော့ အဲဒီ စမတ်ဖုန်းမှာ 5,000mAh ဘက်ထရီနဲ့ 18W Charging ထည့်သွင်းထားမယ်လို့ ဖော်ပြထားပါတယ်။ Dual SIM Slot နဲ့ 4G ကွန်ရက်တွေကို ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။

Vivo V2035 ကို ကြေညာမယ့် နာမည်ကို မသိရသေးပါဘူး။ ဒါပေမယ့် မကြာခင်မှာ သူ့ရဲ့ သတင်းအချက်အလက်တွေ ပိုမို သိလာရတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: