AirPods Pro နဲ့ iPhone SE ကို ဧပြီလမှာ ကြေညာနိုင်

ဂျပန် ဘလော့ Mac Otakara က Apple ဟာ ဒုတိယမျိုးဆက် AirPods Pro နဲ့ တတိယမျိုးဆက် iPhone SE တို့ကို ဒီနှစ် ဧပြီလမှာ ကြေညာမယ်လို့ သတင်းပေးလာပါတယ်။ အဲဒီသတင်းဟာ တရုတ် Supplier Sources ကနေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

AirPods Pro မှာ Charging Case ကို အနည်းငယ် ဒီဇိုင်း ပြောင်းထားမှာ ဖြစ်ပြီး Case အထူကတော့ ၂၁ မီလီမီတာပဲ ရှိမှာပါ။ ဒါပေမယ့် အမြင့်က ၄၆ မီလီမီတာ ၊ အကျယ်က ၅၄ မီလီမီတာ ရှိမှာ ဖြစ်ပါတယ်။ လက်ရှိ AirPods Pro Charging Case ရဲ့ အမြင့်က ၄၅.၂ မီလီမီတာ၊ အကျယ်က ၆၀.၆ မီလီမီတာ ရှိပါတယ်။ Case အသစ်ဟာ နည်းနည်း ပိုကျဉ်းသွားမှာပါ။

AirPods Pro နဲ့ iPhone SE ရဲ့ သတင်းအချက်အလက် အသေးစိတ်ကို မသိရသေးပါဘူး။ Bloomberg ရဲ့ Mark Gurman က Apple ဟာ Stem အရှည်ကို လျှော့ချထားခြင်းဖြင့် AirPods Pro အသစ်ရဲ့ အရွယ်အစားကို ပိုမို ကျစ်လစ်အောင် ပြုလုပ်ထားမယ်လို့ သတင်းပေးထားပါတယ်။ Gurman က Apple ဟာ အဲဒီ ဒီဇိုင်းကို စမ်းသပ်နေဆဲ ဖြစ်ပြီး Google Pixel Buds လို နားထဲ ပိုဝင်နိုင်အောင် ပြုလုပ်ထားမှာပါ။

iPhone SE အကြောင်း ပြောရရင် ၅.၅ လက်မ သို့မဟုတ် ၆.၁ လက်မ မျက်နှာပြင် ထည့်သွင်းထားနိုင်ပြီး ဒီနှစ် ဒုတိယနှစ်ဝက်မှာ ကြေညာနိုင်တယ်လို့ Ming-Chi Kuo က သတင်းပေးထားပါတယ်။ Mac Otakara က တတိယမျိုးဆက် iPhone SE ဟာ ၄.၇ လက်မ မျက်နှာပြင်ပဲ ပါလာမယ်လို့ ခန့်မှန်းထားပါတယ်။

Apple ဟာ လက်ရှိ AirPods Pro ကို ၂၀၁၉ အောက်တိုဘာလကုန်မှာ ရောင်းချခဲ့တာ ဖြစ်ပြီး ဒုတိယမျိုးဆက် iPhone SE ကို ၂၀၂၀ ဧပြီလမှာ ရောင်းချခဲ့တာပါ။

Ref : macrumors

%d bloggers like this: