iPhone တွေမှာ ၂၀၂၃ မတိုင်ခင် ကင်မရာ ထူးထူးခြားခြား ပြောင်းလဲလာမှာ မဟုတ်

Apple အရေး ကျွမ်းကျင်တဲ့ Ming-Chi Kuo က ၂၀၂၁ ခုနှစ်ထုတ် iPhone တွေအတွက် နာမည်ကြီး ကင်မရာ ထုတ်လုပ်တဲ့ ကုမ္ပဏီ ၃ ခုကို တာဝန်ပေးမယ်လို့ မကြာခင်က သတင်းပေးလာပါတယ်။ အဲဒီ ကုမ္ပဏီတွေက Largan , Genius Electronic Optical (GSEO) နဲ့ Sunny Optical တို့ ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီတွေရဲ့ နည်းပညာနဲ့ ထုတ်လုပ်မှုကို လေ့လာကြည့်တဲ့အခါ Ming-Chi Kuo က နောက်မျိုးဆက် ၂ ခုမှာ ကင်မရာတွေ ထူးထူးခြားခြား တိုးတက်လာမှာ မဟုတ်ဘူးလို့ ခန့်မှန်းလိုက်ပါတယ်။

ဒီလိုပြောလိုက်လို့ iPhone မျိုးဆက်သစ် ကင်မရာတွေရဲ့ စွမ်းဆောင်ရည်ဟာ တိုးတက်လာမှာ မဟုတ်ဘူးလို့ မပြောလိုပါဘူး။ ကင်မရာတွေရဲ့ ဆော့ဖ်ဝဲ လုပ်ဆောင်ချက်တွေကလည်း တိုးတက်လာမှာ သေချာပါတယ်။ Apple က ကွန်ပြူတာ အခြေပြု ဓါတ်ပုံ နည်းပညာကို အာရုံစိုက် ဖန်တီးနေပါတယ်။

Ming-Chi Kuo က Apple ကို Lens ထောက်ပံ့မယ့် ကုမ္ပဏီတွေရဲ့ အကြောင်းကိုလည်း ဟောကိန်းထုတ်လိုက်ပါတယ်။ Largan ဟာ ဒီနှစ် ပထမနှစ်ဝက်မှာ စွမ်းရည်မြင့် Lens အော်ဒါ ၁၅-၂၅ ရာခိုင်နှုန်း ရမယ်လို့ သုံးသပ်ပါတယ်။ Sunny Optical ဟာ ဒီနှစ်မှာ Apple ရဲ့ စာမေးပွဲ အောင်မြင်ရင် ၂၀၂၂ ခုနှစ်မှာ iPhone တွေအတွက် Lens တွေ စတင် ထုတ်လုပ်ပေးမှာပါ။

Ref : gsmarena

%d bloggers like this: