OnePlus 9 Series မှာ Leica ကင်မရာတွေ မပါလာနိုင်

OnePlus က ဂျာမနီ ကင်မရာ ကုမ္ပဏီကြီး Leica နဲ့ပူးပေါင်းကာ 9 Series အတွက် ကင်မရာတွေ ဖန်တီးထားမယ်ဆိုတဲ့ သတင်း ပြီးခဲ့တဲ့ လက ထွက်လာခဲ့ပါတယ်။ အခုတော့ အဲဒီ သတင်း မှားတယ်လို့ ဆိုလာပြန်ပါတယ်။

OnePlus စီအီးအိုက 9 Series အတွက် ကင်မရာ စွမ်းရည် ပိုကောင်းအောင် ပြုလုပ်နေတယ်လို့ ပြောပေမယ့် သတင်းအချက်အလက် အသေးစိတ်ကို မပြောသေးပါဘူး။ အခုတော့ Leica ကင်မရာတွေ ပါလာမယ်ဆိုတဲ့ သတင်းကလည်း မသေချာတော့ပါဘူး။

OnePlus 9 , 9 Pro နဲ့ 9 Lite ဆိုပြီး မော်ဒယ် ၃ မျိုး ထွက်လာနိုင်ပြီး အရင်က သူတို့မှာ Periscope Telephoto ကင်မရာ မပါလာဘူးလို့ သိရပါတယ်။ ဒီသတင်းကြားရတာ ဒါ ဒုတိယ အကြိမ် ဖြစ်ပြီး နိုဝင်ဘာလက OnePlus 9 နဲ့ 9 Pro ရဲ့ ဓါတ်ပုံတွေ ပေါက်ကြားခဲ့တုန်းကလည်း ဒီသတင်းထွက်ခဲ့ပါတယ်။

Samsung , Huawei , Xiaomi နဲ့ အမွှာ ကုမ္ပဏီတွေ ဖြစ်တဲ့ OPPO နဲ့ realme တို့မှာ အဲဒီလို ကင်မရာမျိုးကို သုံးထားပြီး OnePlus က ဘာလို့ မသုံးချင်တာလဲဆိုတာ စဉ်းစားစရာပါ။ OnePlus 9 Pro မှာ အရွယ်ကြီး ကင်မရာ ၂ လုံးနဲ့ အရွယ်သေး ကင်မရာ ၂ လုံး ထည့်သွင်းထားမှာပါ။

OnePlus 9 နဲ့ 9 Pro မှာ အသစ်စက်စက် Snapdragon 888 ပါလာနိုင်ပြီး 9 Lite မှာတော့ အရင်နှစ်ထုတ် Snapdragon 865 Chipset ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ သူတို့ကို ပထမ ၃ လအတွင်း ကြေညာနိုင်ပါတယ်။

Ref : gizmochina

%d bloggers like this: