Xiaomi Mi 11 Pro မှာ 108MP အစား 50MP ကင်မရာ ထည့်သွင်းထားနိုင်

Xiaomi ဟာ အရင်နှစ်က Mi 10 နဲ့ Mi 10 Pro ကို အတူတကွ ကြေညာခဲ့ပြီး ဒီနှစ်မှာ Mi 11 ပဲ ချပြခဲ့ကာ Mi 11 Pro မပါလာပါဘူး။ Mi 11 မှာ 108MP ကင်မရာ ထည့်သွင်းထားပြီး အခုတော့ Mi 11 Pro မှာ 108MP အစား 50MP ကင်မရာ ထည့်သွင်းထားမယ်လို့ သတင်းထွက်လာပါတယ်။ Sony IMX782 Sensor ဖြစ်ပြီး အခုထက်ထိ မကြေညာရသေးပေမယ့် Xiaomi Mi 11 Pro အပြင် Huawei P50 Series တွေမှာလည်း အဲဒီ ကင်မရာ ပါလာမယ်လို့ သတင်းထွက်လာပါတယ်။

Mi 11 Pro ကို နောက်လ ကြေညာမယ်လို့ သတင်းထွက်လာခဲ့ပြီး မကြာခင်က သူ့ရဲ့ ဓါတ်ပုံတွေ ပေါက်ကြားလာပါတယ်။ အပြာနဲ့ ငွေရောင်တွေကို တွေ့ရပြီး အနောက်ကင်မရာ ဒီဇိုင်းက Mi 11 နဲ့ မတူတာတွေ့ရပါတယ်။

Mi 11 Pro မှာ ကင်မရာ ၄ လုံး ပါလာပြီး ၁ လုံးက Periscope Zoom ဖြစ်ကာ 120x စာသားကိုလည်း မြင်ရတဲ့အတွက် Mi 10 Ultra ထက် Digital Zoom က အားနည်းမှာ မဟုတ်ပါဘူး။ Mi 11 Pro မှာ Resolution မြင့်တဲ့ မျက်နှာပြင်ကွေး ထည့်သွင်းထားမယ်လို့ မကြာခင်က သတင်းထွက်လာပါတယ်။ Mi 11 မှာ Quad HD+ မျက်နှာပြင်ကွေး ထည့်ထားသလို Mi 11 Pro မှာလည်း အဲဒီလို မျက်နှာပြင်ကွေး ပါလာမယ်လို့ ထင်ရပါတယ်။ 120Hz Refresh Rate , MEMC , SDR-to-HDR Mapping နဲ့ AI Upscaling တွေ ထည့်သွင်းထားနိုင်ပါတယ်။ SD888 Chipset မောင်းနှင်ထားမှာ သေချာပါတယ်။

Mi 10 နဲ့ Mi 10 Pro ရဲ့ အဓိက ကွာခြားချက်က ကင်မရာနဲ့ အားသွင်းနှုန်း အပိုင်းမှာ ဖြစ်သလို Mi 11 Series မှာလည်း အဲဒီလို ဖြစ်လာနိုင်ပါတယ်။ Mi 11 မှာ 55W Wired နဲ့ 50 Wireless Charging ထည့်သွင်းထားပြီး Mi 11 Pro မှာ ဒီထက်ပိုမိုက်တဲ့ 120W Fast Charging ပါလာနိုင်ပါတယ်။ Wireless Charging အပိုင်းမှာ Xiaomi အရင်နှစ် အောက်တိုဘာလက ကြေညာခဲ့တဲ့ 80W Wireless Charging ထည့်သွင်းထားနိုင်ပါတယ်။ နောက်လမှာ Mi 11 Pro ကို ကြေညာနိုင်ပါတယ်။

Ref : fonearena

%d bloggers like this: