iPhone 13 မှာ Notch အရွယ်အစား သေးသွားမည်

၂၀၂၁ ခုနှစ် အစောပိုင်းမှာပဲ နောက်မျိုးဆက် iPhone 13 ရဲ့ သတင်းအချက်အလက်တွေ စတင်ထွက်ပေါ်လာပါပြီ။ အခုတော့ ဂျပန် ဘလော့ MacOtakara က iPhone 13 Series ရဲ့ ဒီဇိုင်းဟာ iPhone 12 နဲ့ တူညီမှာ ဖြစ်ပြီး ထောင့်စွန်းတွေက လုံးဝန်းမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ၀.၂၆ မီလီမီတာလောက် ပိုထူသွားပြီး Notch အရွယ်အစားက ပိုသေးငယ်သွားမှာပါ။

ဒါ့အပြင် ကင်မရာ Bump ကလည်း ပိုထူသွားတဲ့အတွက် ပုံစံ နည်းနည်း ပြောင်းသွားမှာပါ။ Apple ဟာ ကင်မရာတွေအပေါ်မှာ Sapphire Glass နဲ့ ဖုံးအုပ်ထားမယ်လို့ သတင်းထွက်နေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ထွက်လာတဲ့ သတင်းအရ iPhone 13 Pro မော်ဒယ် ၂ လုံးမှာ Samsung ရဲ့ 120Hz LTPO OLED ထည့်သွင်းထားနိုင်ပြီး 120Hz Refresh Rate အထိ ထောက်ပံ့ထားမှာပါ။ ရိုးရိုး iPhone 13 ၂ လုံးမှာတော့ LTPS တွေကိုပဲ ဆက်သုံးထားမှာ ဖြစ်ပြီး 60Hz နဲ့ပဲ နှစ်ပါးသွားရဦးမှာပါ။

LTPO တွေဟာ LTPS ထက် စွမ်းအင် စားသုံးမှုက ၅ ကနေ ၁၅ ရာခိုင်နှုန်း လျှော့ချပေးနိုင်ပြီး ဘက်ထရီ မစားဘဲ 120Hz နဲ့ Run ပေးနိုင်ပါတယ်။ Samsung Galaxy Note20 Ultra မှာ LTPO ကို ပထမဆုံး သုံးထားတာ ဖြစ်ပြီး မကြာခင် ကြေညာမယ့် S21 Series မှာလည်း ဒီနည်းပညာ သုံးထားမယ်လို့ သတင်းထွက်နေပါတယ်။

Apple အရေး ကျွမ်းကျင်တဲ့ Ming Chi Kuo က Apple ဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ iPhone 13 Series ကို ချပြဖို့စီစဉ်ထားတယ်လို့ မကြာခင်က သတင်းပေးခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်မှာတော့ ကိုဗစ် ကပ်ရောဂါကြောင့် Apple ဟာ iPhone 12 နဲ့ 12 Pro ကို ၁ လလောက် နောက်ကျပြီးမှ ကြေညာခဲ့တာ ဖြစ်ပါတယ်။ iPhone 12 mini နဲ့ 12 Pro Max ကို နိုဝင်ဘာလကျမှ ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: