Samsung Galaxy A12 ရဲ့ နိုင်ငံတကာ ရောင်းဈေးတွေကို ကြေညာပြီ

Samsung က ၂၀၂၀ နိုဝင်ဘာလမှာ Galaxy A12 ကို ကြေညာခဲ့ပြီး အဲဒီအချိန်တုန်းက ရောင်းဈေးကို မပြောခဲ့ပါဘူး။ အခုတော့ နိုင်ငံတကာ ရောင်းဈေးကို ကုမ္ပဏီက ကြေညာလိုက်တဲ့အတွက် မကြာခင် ရောင်းနိုင်ပါတယ်။ စင်ကာပူမှာ ၁၇၂ ဒေါ်လာနဲ့ ၉ ရက်နေ့ ရောင်းမှာဖြစ်ပြီး 4/128GB မော်ဒယ် ဖြစ်ပါတယ်။ မလေးရှားမှာ 6/128GB ကို ၁၉၈ ဒေါ်လာ၊ ဗြိတိန်မှာ 4/64GB ကို ၂၃၀ ဒေါ်လာနဲ့ ရောင်းမှာပါ။

Galaxy A12 ဟာ မတ်လက ကြေညာခဲ့တဲ့ Galaxy A11 ရဲ့ မျိုးဆက်သစ် ဖြစ်ပြီး ကင်မရာနဲ့ ဘက်ထရီတွေ ပိုလန်းလာပါတယ်။ Galaxy A11 မှာ 4,000mAh နဲ့ Galaxy A12 မှာ 5,000mAh ထည့်သွင်းထားပြီး ၂ လုံးစလုံးမှာ တူညီတာက 15W Charging ပါပါတယ်။ A11 ရဲ့ အနောက်ဘက်မှာ 13MP , 5MP Ultrawide နဲ့ 2MP Depth ကင်မရာ ၃ လုံးပါလာပါတယ်။ A12 မှာတော့ Ultrawide နဲ့ Depth ကင်မရာ ၂ လုံးက တူညီပေမယ့် ပင်မ 13MP ကင်မရာကို 48MP နဲ့ အစားထိုးထားသလို 2MP Macro ကင်မရာ အပိုပါလာပါတယ်။ လေးထောင့် အကွက်ထဲမှာ ကင်မရာတွေကို ထည့်သွင်းထားပါတယ်။

A12 မှာ ၆.၅ လက်မ HD+ Infinity-V မျက်နှာပြင်ပါလာပြီး အရွယ်သေး Notch မှာ 8MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားတာက A11 နဲ့ တူပါတယ်။ A12 မှာ Octa-core Processor မောင်းနှင်ထားပြီး Samsung က အတိအကျ မပြောပါဘူး။ Helio P35 လို့ ထင်ရပါတယ်။

Samsung က Android Version ကိုလည်း မပြောသေးပါဘူး။ 3/4/6GB RAM နဲ့ 32/64/128GB Storage တွေ ရွေးချယ်နိုင်သလို 1TB microSD Card စိုက်နိုင်တာက တော်တော် မိုက်ပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့ Samsung Knox Security Platform ထည့်ထားပြီး အနက်၊ အပြာ၊ အဖြူနဲ့ အနီရောင် ထုတ်လုပ်ထားပါတယ်။

Ref : gsmarena

%d bloggers like this: