0 Shares 12 Views

iOS မှာ အသုံးပြုနိုင်မယ့် ကီးဘုတ်တစ်ခုကို Microsoft ဖန်တီးနေ

Jan 20, 2016
0 12

 

13941028000211_PhotoI

 

Apple ကုမ္မဏီဟာ သူတို့ရဲ့ iOS 8 မှာ Apple မဟုတ်ပဲ အခြား တတိယပါတီ ကီးဘုတ်တွေကို ထည့်သွင်းအသုံးပြုဖို့ လက်ခံလိုက်ကတည်းက Android မှာ ရေပန်းစားတဲ့ SwiftKey လို ကီးဘုတ်တွေဟာ iOS ဗားရှင်းတွေ ထုတ်လုပ်လာခဲ့ကြပါတယ်။ ဒီတစ်ကြိမ်မှာတော့ iOSမှာ ထည့်သွင်း အသုံးပြုနိုင်မယ့် ကီးဘုတ်ကို ထုတ်လုပ်ဖန်တီး နေတာက Microsoft ပဲ ဖြစ်ပါတယ်။

The Verge သတင်းဌာနကဖော်ပြထားတာကတော့ Apple ကုမ္မဏီဟာ Microsoft ကုမ္မဏီထံ အီးမေးလ်ပို့ပြီး iOS အသုံးပြုသူတွေရှာဖွေပြီး ကီးဘုတ် အသစ်ကို စမ်းသပ်ဖို့လည်း ညွှန်ကြားထားသေးတယ်ဆိုတာပါပဲ။

ဒါဟာ Microsoft ရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ လှုပ်ရှားမှုတစ်ခုပါပဲ။ ကျွမ်းကျင်သူတွေသုံးသပ်ထားမှုအရလည်း Microsoft ရဲ့ Windows မိုဘိုင်းလ် OS မှာသုံးတဲ့ ကီးဘုတ်ဟာ Apple ရဲ့ iOS နဲ့ Google ရဲ့ Android တို့မှာသုံးတဲ့ ကီးဘုတ်တွေထက် သုံးစွဲရပိုမိုလွယ်ကူနေတယ်လို့ သိရပါတယ်။ ကျွမ်းကျင်သူတွေ မီးမောင်းထိုးပြထားတဲ့ Microsoft ကီးဘုတ်ရဲ့ လုပ်ဆောင်ချက်တစ်ခုကတော့ ကိုယ်ရိုက်နှိပ်ထားတဲ့ စာသားတွေအတွက် သင့်တော်တဲ့ စကားစုပေါင်းစပ်ထားမှုတွေကို ပြသပြီး တိုက်ရိုက် ရွေးချယ်ခွင့်ပြုထားတာပဲ ဖြစ်ပါတယ်။

လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ Microsoft ဟာ iOS အတွက် ကီးဘုတ်တီထွင်ဖန်တီးနေသလိုပဲ Android အတွက်လည်း ကီးဘုတ်တီထွင် ဖန်တီးနေသေးလားဆိုတာကို အတိအကျ မသိနိုင်ပေမယ့်လည်း ကျွမ်းကျင်သူတွေကတော့ ဒါကို ဖြစ်နိုင်ချေရှိတယ်လို့ သုံးသပ်ထားကြပါတယ်။

လက်ရှိ iOS စနစ်မှာ အသုံးပြုနိုင်မယ့် ကီးဘုတ်ကို ဘယ်အချိန်မှာ ထုတ်လုပ်မယ်ဆိုတာကို မသိရသေးပါဘူး။ Microsoft ကတော့ လက်ရှိမှာ စမ်းသပ်နေပြီဖြစ်တာကြောင့် လပိုင်းအနည်းငယ်အတွင်းမှာ ထို ကီးဘုတ်ကိုထုတ်လုပ်နိုင်မယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပြန်ပါတယ်။

Ref : The Next Web

You may be interested

ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Legend of Solgard
FEATURES, Games
26 shares8 views

ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Legend of Solgard

Ko Thuya - Sep 22, 2018

Legend of Solgard ဟာ Candy Crush Series များကို ဖန်တီးထားတဲ့ King ရဲ့ လက်ရာ အသစ်တစ်ခု ဖြစ်ပါတယ်။ RPG Game ဖြစ်ပြီး တိုက်ခိုက်ရေး ဂိမ်း ဖြစ်ပါတယ်။ ဇာတ်ကောင်များကို စုဆောင်းပြီး သူတို့ရဲ့…

Android မှာ Mobile Data သက်သာချင်ရင် ဆောင်ထားရမယ့် App (၄) ခု
Android, FEATURES, HUBS
137 shares47 views

Android မှာ Mobile Data သက်သာချင်ရင် ဆောင်ထားရမယ့် App (၄) ခု

Ko Thuya - Sep 22, 2018

Android မှာ Facebook လို လူမှုကွန်ရက်များ အသုံးပြုခြင်း၊ ၀က်ဆိုက်များကြည့်ခြင်း အပါအ၀င် အင်တာနက် အသုံးပြုတဲ့ လူများအတွက် မိုဘိုင်းဒေတာကို သက်သာစေတဲ့ Apps များ ရှိပါတယ်။ အဲဒီ Apps များထဲမှ သင်နဲ့ သင့်တော်တဲ့ တစ်ခုကို ရွေးချယ်…

Xiaomi Redmi Y2 အတွက် အပြာနဲ့ အနက်ရောင်များ ထွက်ပြီ
Android, HUBS, Mobiles & Tablets
147 shares27 views

Xiaomi Redmi Y2 အတွက် အပြာနဲ့ အနက်ရောင်များ ထွက်ပြီ

Ko Thuya - Sep 22, 2018

ရှောင်မီက မေလမှာ Redmi S2 ကို ကြေညာခဲ့ပါတယ်။ သူ့ကို အိန္ဒိယမှာ Redmi Y2 အမည်နဲ့ ရောင်းချပေးခဲ့ပြီး ရွှေ၊ နှင်းဆီရွှေနဲ့ အညိုရောင်များ ထုတ်လုပ်ပေးခဲ့ပါတယ်။ အခုတော့ Xiaomi India က Redmi Y2 အတွက်…

Most from this category