Helio P60 SoC နဲ့ 48MP ကင်မရာ ပါတဲ့ Coolpad Cool S ကို ကြေညာ

Coolpad က စမတ်ဖုန်း အသစ် ၁ လုံးကို နီပေါမှာ ကြေညာလိုက်ပါတယ်။ Coolpad Cool S လို့ နာမည်ပေးထားပြီး တန်ဖိုးနည်း ဖုန်း ဖြစ်ပါတယ်။ သူ့မှာ ၆.၅၃ လက်မ Punch Hole မျက်နှာပြင် ထည့်သွင်းထားပြီး အရှေ့နဲ့ အနောက်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားပါတယ်။

Helio P60 Chipset မောင်းနှင်ထားပြီး မျက်နှာပြင် အရည်အသွေးက FHD+ ဖြစ်ပါတယ်။ မျက်နှာပြင် ဘယ်ဘက်အထက်က Punch Hole မှာ 25MP ဆဲလ်ဖီး ကင်မရာ ၁ လုံးနဲ့ အနောက်ဘက်မှာ 48MP Main , 8MP Ultrawide , 5MP Macro နဲ့ Depth ကင်မရာတွေ ထည့်သွင်းထားပါတယ်။

အရွယ်ကြီး 5,000mAh ဘက်ထရီ ထည့်သွင်းထားပြီး Android 10 OS မောင်းနှင်ထားပါတယ်။ Coolpad Cool S အတွက် အနက်၊ အပြာနဲ့ အဖြူရောင်တွေ ထုတ်လုပ်ထားပြီး 4/128GB ၁ မျိုးပဲ ထုတ်လုပ်ထားပါတယ်။ ၁၉၃ ဒေါ်လာလောက် ကျသင့်ပြီး ၂ သိန်းခွဲလောက်ကျသင့်ပါတယ်။

Ref : gsmarena

%d bloggers like this: