5,000mAh ဘက်ထရီပါတဲ့ တန်ဖိုးနည်း Vivo Y20A ကို ရောင်းပြီ

Vivo က Y20A ကို အိန္ဒိယမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာခဲ့ပြီး အခုတော့ Vivo ရဲ့ အွန်လိုင်း စတိုးကနေ ရောင်းပေးလိုက်ပါပြီ။ Nebula Blue နဲ့ Dawn White ၂ ရောင် ထုတ်လုပ်ထားပြီး ၁၁,၄၉၀ ရူပီး သတ်မှတ်ထားပါတယ်။ ၂ သိန်း ၁ သောင်းလောက် ကျသင့်မှာ ဖြစ်ပါတယ်။

သူ့မှာ ၆.၅၁ လက်မ HD+ Halo iView မျက်နှာပြင် ထည့်သွင်းထားပြီး အနောက်ဘက်မှာ 13MP , 2MP Depth နဲ့ 2MP Macro ကင်မရာ ၃ လုံး ပါပါတယ်။ ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားကာ ၀.၂၂ စက္ကန့်အတွင်း Unlock လုပ်ပေးနိုင်ပါတယ်။ Snapdragon 439 SoC မောင်းနှင်ထားပြီး FunTouch OS 11 ပါလာပါတယ်။ 10W Charging ထောက်ပံ့တဲ့ 5,000mAh ထည့်သွင်းထားပါတယ်။

Vivo Y20A specifications

• 6.51-inch (1600 x 720 pixels) HD+ 20:9 LCD screen
• Octa-Core (Quad 1.95GHz Cortex A53 + Quad 1.45GHz Cortex A53) Snapdragon 439 Mobile Platform with Adreno 505 GPU
• 3GB LPDDR4x RAM, 64GB storage, expandable memory with microSD
• Dual SIM (nano + nano + microSD)
• Android 10 with Funtouch OS 11
• 13MP rear camera with LED flash, f/2.2 aperture, PDAF, 2MP depth sensor, 2MP 4cm macro with f/2.4 aperture
• 8MP front-facing camera with f/1.8 aperture
• Dimensions: 164.41×76.32×8.41mm; Weight: 192g
• Side-mounted fingerprint sensor
• 3.5mm audio jack, FM Radio
• Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS/ GLONASS/ Beidou, micro USB
• 5000mAh battery with 10W charging

Ref : fonearena

%d bloggers like this: