Nokia C1 Plus ကို တရုတ်မှာ ရောင်းပြီ

HMD Global က Nokia C1 Plus ကို ဒီဇင်ဘာလက ကြေညာလိုက်ပြီး တန်ဖိုးနည်း 4G Android Go Edition ဖုန်း ဖြစ်ပါတယ်။ သူ့ကို တရုတ်မှာ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ကြိုတင်မှာယူခွင့်ပေးခဲ့ပြီး အခုတော့ရောင်းပေးလိုက်ပါပြီ။ ၄၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၁ သိန်းလောက်ပဲ ကျသင့်မှာပါ။

သူ့မှာ ၅.၄၅ လက်မ HD+ မျက်နှာပြင် တပ်ဆင်ထားပြီး Quad-core Processor မောင်းနှင်ထားပါတယ်။ 1GB RAM နဲ့ Android 10 Go Edition ပါလာပြီး အရှေ့ဘက်မှာ 5MP ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာလည်း 5MP ကင်မရာ ၁ လုံးပဲ ပါလာပြီး LED Flash နဲ့ ပူးတွဲထားပါတယ်။ အနောက်ကင်မရာက HDR ကို ထောက်ပံ့ထားပါတယ်။

ပလတ်စတစ်ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး ဘက်ထရီက 2,500mAh ဖြစ်ပါတယ်။ သူ့ရဲ့ Specs အပြည့်အစုံကို အောက်မှာ လေ့လာကြည့်ပါ။

Nokia C1 Plus specifications

• 5.45-inch (1520 x 720 pixels) HD+ 18:9 in-cell display
• 1.4GHz quad-core processor
• 1GB LPDDR3 RAM, 16GB internal storage, expandable memory up to 128GB with microSD
• Android 10 Go Edition
• Single / Dual SIM
• 5MP rear camera with LED flash
• 5MP front camera with LED flash
• 3.5mm jack, FM Radio
• Dimensions: 149.1 × 71.2 × 8.75mm; Weight: 146g
• 4G VoLTE, Wi-Fi 802.11 b/g/n, Bluetooth 4.2, GPS, micro USB
• 2500mAh removable battery

Nokia C1 Plus အတွက် အပြာနဲ့ အနီရောင် ထုတ်လုပ်ထားပါတယ်။

Ref : fonearena

%d bloggers like this: