realme 6 Pro နဲ့ Narzo 20 Pro အတွက် realme UI 2.0 Beta ရပြီ

realme UI 2.0 ကို စက်တင်ဘာလက ကြေညာခဲ့ပြီး Beta Version တွေကို စတင် ဖြန့်ချိပေးနေပါပြီ။ မနေ့ကပဲ reame 7 နဲ့ realme X2 Pro အတွက် realme UI 2.0 Beta ကို ရသွားပြီး အခုတော့ realme 6 Pro နဲ့ Narzo 20 Pro တို့မှာ ရသွားပါပြီ။

realme UI 2.0 မှာ Always-on Display Option များစွာ ပါလာပြီး Themes အသစ်တွေ ထည့်သွင်းထားပါတယ်။ တူညီတဲ့ ဝိုင်ဖိုင် ဆက်သွယ်မှုအောက်မှာ ဖိုင်တွေနဲ့ သီချင်းတွေကို လွယ်ကူစွာ မျှဝေနိုင်ပြီး Digital Health လုပ်ဆောင်ချက် ပိုကောင်းလာပါတယ်။

realme က realme UI 2.0 Stable Update ရမယ့် ဖုန်းစာရင်းနဲ့ အချိန်ကို ကြေညာထားပါတယ်။ ဒါပေမယ့် အဲဒီစာရင်းဟာ အိန္ဒိယမှာ ပထမအသုတ် ဖြန့်ချိပေးမယ့် စာရင်း ဖြစ်တဲ့အတွက် နိုင်ငံတကာနဲ့ မသက်ဆိုင်ပါဘူး။ စိတ်တော့သိပ်မပျက်သွားပါနဲ့။ အိန္ဒိယပြီးရင်တော့ တခြားနိုင်ငံတွေအတွက် ရမှာ ဖြစ်လို့ အကြာကြီး စောင့်ဖို့ မလိုတော့ပါဘူး။ realme က Open Beta ကို အောက်တိုဘာလကုန်နဲ့ Stable ကို နိုဝင်ဘာလနှောင်းပိုင်းမှာ ဖြန့်ချိပေးမယ်လို့ ကြေညာထားပါတယ်။

Full realme UI 2.0 roadmap schedule:

September, 2020
• Realme X50 Pro 5G
November, 2020
• Realme 7 Pro
• Realme Narzo 20
December, 2020
• Realme 6 Pro
• Realme 7
• Realme Narzo 20 Pro
• Realme X2 Pro
January, 2021
• Realme X3
• Realme X3 SuperZoom
• Realme X2
• Realme 6
• Realme C12
• Realme C15
February, 2021
• Realme 6i
• Realme Narzo 10
March, 2021
• Realme C3
• Realme Narzo 10A
Q2, 2021
• Realme X
• Realme XT
• Realme 3 Pro
• Realme 5 Pro
• Realme Narzo 20A

Ref : gsmarena

%d bloggers like this: