စွမ်းရည်သင့် Poco F2 လာမည်

၂၀၁၉ မှာ Poco ရဲ့ ဖုန်းတွေ ပျောက်ချက်သား ကောင်းနေပြီး ၂၀၂၀ မှာ သီးခြား Brand အဖြစ် ဖုန်းလောကထဲ ပြန်ရောက်လာပါတယ်။ ၂၀၂၀ မှာ POCO X2, POCO F2 Pro, POCO M2 Pro, POCO M2, POCO X3, POCO C3 နဲ့ POCO M3 စတဲ့ ဖုန်းများစွာကို ကြေညာခဲ့ပြီး ၂၀၂၁ မှာ Poco F2 နဲ့ ပွဲထွက်တော့မှာပါ။ ကုမ္ပဏီက သူ့ရဲ့ Teaser ၁ ခုကို တွစ်တာမှာ မျှဝေထားပါတယ်။


အဲဒီ ပို့စ်မှာ Poco က ၂၀၂၀ မှာ အောင်မြင်မှုရခဲ့ပြီး ဖုန်း အလုံးရေ ၁၀ သိန်း ရောင်းချရတယ်လို့ အသိပေးလိုက်ပါတယ်။ အိန္ဒိယက အွန်လိုင်း ဖုန်း Brand ထဲမှာ နံပါတ် ၄ ချိတ်ခဲ့တယ်လို့ သိရပါတယ်။ ကုမ္ပဏီက ၂၀၂၁ မှာလည်း ပိုအောင်မြင်ဖို့ ရည်ရွယ်ထားပြီး ၂၀၂၁ မှာ နားကြပ်နဲ့ လက်ပ်တော့တွေကိုပါ ရောင်းမယ်လို့ မကြာခင်က သတင်းထွက်လာပါတယ်။

ပို့စ်က ဗီဒီယို အဆုံးမှာ Poco F2 လာမယ်ဆိုတာကို အသိပေးသွားပြီး Fans တွေကို ကျေးဇူးတင်ကြောင်း ပြောသွားပါတယ်။ Poco F2 ဟာ စွမ်းရည်သင့် ဖုန်းလို့ သတင်းထွက်နေပြီး AMOLED မျက်နှာပြင် တပ်ဆင်ထားမှာပါ။ 120Hz Refresh Rate နဲ့ 4,250mAh ဘက်ထရီတွေ ထည့်သွင်းထားမှာ ဖြစ်ပြီး Reverse Charging လည်း ပါလာမှာပါ။ နိုင်ငံတကာ မော်ဒယ်မှာ NFC ပါလာနိုင်ပါတယ်။

အနောက်ဘက်မှာ ကင်မရာ ၄ လုံး တပ်ဆင်ထားပြီး Poco X3 မှာပါတဲ့ Snapdragon 732G မောင်းနှင်ထားမယ်လို့ ပေါက်ကြားနေပါတယ်။

Ref : gizmochina

%d bloggers like this: