OPPO China က ပထမ ၃ လအတွင်း ColorOS 11 Update ရမယ့် စာရင်းကို ကြေညာ

OPPO က စက်တင်ဘာလလယ်က Android 11 အခြေပြု ColorOS 11 ကို ကြေညာခဲ့ပြီး အဲဒီအချိန်ကတည်းက တစ်ကမ္ဘာလုံးက စမတ်ဖုန်းတွေဆီကို Update ဖြန့်ချိပေးခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်အထိ ဖုန်း နည်းနည်းမှာပဲ ရကြပါသေးတယ်။ အခုတော့ OPPO China က တရုတ်မှာ ပထမ ၃ လအတွင်း Update ရမယ့် စာရင်းကို ကြေညာလိုက်ပါတယ်။

OPPO က တခြားနိုင်ငံတွေအတွက် ColorOS 11 Update ရမယ့် စာရင်းကို ကြေညာထားပါတယ်။ အခုတော့ OPPO က တရုတ်မှာ ရမယ့် အချိန်စာရင်းကို ထပ်မံ အသိပေးလိုက်တာပါ။ ColorOS Assistant Weibo အကောင့်အရ အောက်ပါ စမတ်ဖုန်းတွေဟာ တရုတ်မှာ Update ကို ပထမ ၃ လအတွင်း ရကြမှာပါ။

• January 27, 2021 – Open Beta (limited)
o OPPO Reno3 5G
o OPPO A92s
o OPPO A52
• March 2021 – Open Beta (limited)
o OPPO Reno2
o OPPO Reno2 Z
o OPPO K5
o OPPO A72 5G
o OPPO A91
• March 2021 – Stable Release
o OPPO Reno 10x Zoom
o OPPO Reno Ace
o OPPO Reno3 Pro 5G
o OPPO Reno4 SE 5G
o OPPO Reno3 Vitality Edition
o OPPO K7

အထက်ပါ စာရင်းအရ ဖုန်း အများစုဟာ တရုတ်မှာပဲရောင်းထားတာ ဖြစ်ပေမယ့် တချို့ဖုန်းတွေကို တခြားနိုင်ငံတွေမှာ မတူတဲ့ နာမည်တွေနဲ့ ရောင်းပေးထားတာပါ။ အထက်ပါစာရင်းဟာ နိုင်ငံတကာ စာရင်းနဲ့လည်း တော်တော်တူညီနေတဲ့အတွက် အဲဒီအချိန်လောက်မှာပဲ နိုင်ငံတကာအတွက် ဖြန့်ချိနိုင်ပါတယ်။

Ref : gizmochina

%d bloggers like this: