MediaTek Dimensity 800U ပါတဲ့ Redmi Note 9T ကို Geekbench မှာ တွေ့လာရပြီ

Redmi Note 9T ကို Geekbench မှာ တွေ့လာရပြီ ဖြစ်ပြီး သူဟာ တရုတ်က Redmi Note 9 5G ကို နာမည်ပြောင်းထားတာဆိုတာ ပိုသေချာလာပါပြီ။ Geekbech က စာရင်းအရ Global Version မှာ Android OS အဟောင်းကို ထည့်သွင်းထားမယ်လို့ သိရပါတယ်။
https://twitter.com/yabhishekhd/status/1344302735013814275?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1344302735013814275%7Ctwgr%5E%7Ctwcon%5Es1_&ref_url=https%3A%2F%2Fwww.gizmochina.com%2F2020%2F12%2F30%2Fredmi-note-9t-with-mediatek-dimensity-800u-geekbench%2F
Geekbench က စာရင်းအရ မော်ဒယ်နံပါတ်ဟာ M2007J22G ဖြစ်ပြီး သူ့ကို ထိုင်းက NBTC နဲ့ မလေးရှားက SIRIM တို့မှာ မှတ်ပုံတင်ထားပါတယ်။ NBTC မှာ Redmi Note 9T 5G နာမည်နဲ့ ကြေညာမယ်လို့ သတင်းပေးထားပါတယ်။

Geekbench မှာ စမ်းသပ်တဲ့ အလုံးမှာ 4GB RAM ထည့်သွင်းထားပြီး ARM MT6853T Processor ဖြစ်ပါတယ်။ Redmi Note 9 5G ကို မကြေညာခင်ကလည်း MediaTek Dimensity 800U 5G SoC ပါမယ်ဆိုတာကို Geekbench မှာ ဖော်ပြထားပါတယ်။ 4GB RAM Version ကို တရုတ်မှာ မရောင်းပေးခဲ့ဘဲ 6/8GB RAM နဲ့ 128/256GB UFS 2.2 Storage Version တွေပဲ ရောင်းပေးခဲ့ပါတယ်။

Redmi Note 9 5G လိုပဲ Redmi Note 9T နိုင်ငံတကာ မော်ဒယ်မှာ Android 10 OS ပဲ ထည့်သွင်းထားမှာပါ။ Note 9T 5G မှာ ၆.၅၃ လက်မ FHD+ LCD မျက်နှာြပင်နဲ့ အနောက်ဘက်မှာ 48MP Main , 8MP Ultrawide နဲ့ 2MP ကင်မရာ ၃ လုံးပါလာနိုင်ပါတယ်။ 22.5W Fast Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီနဲ့ 5G ထည့်သွင်းထားနိုင်ပါတယ်။

Ref : gizmochina

%d bloggers like this: