Sony PlayStation 5 ကို အိန္ဒိယမှာ နောက်လ ၂ ရက်နေ့ ရောင်းမည်

Sony က နောက်ဆုံးထုတ် PlayStation 5 ကို အိန္ဒိယမှာ ဒီလ ၁၂ ရက်နေ့ ကြိုတင်မှာယူခွင့်ပေးမှာ ဖြစ်ပြီး နောက်လ ၂ ရက်နေ့ ရောင်းမယ်လို့ တရားဝင် အတည်ပြုလိုက်ပါတယ်။ Amazon.in, Flipkart , Croma , Reliance Digital , Games The Shop , Shop at Sony Center , Vijay Sales နဲ့ Authorized Retail စတိုးတွေကနေ ဝယ်ယူနိုင်မှာပါ။

Sony က တန်ဖိုးအနည်းဆုံး မော်ဒယ်အနေနဲ့ Digital Edition ကို ၃၉,၉၀၀ ရူပီးနဲ့ Blu-ray Drive Edition ကို ၄၉,၉၉၀ ရူပီးနဲ့ ရောင်းမယ်လို့ ပြောပါတယ်။ ၇ သိန်း ၃ သောင်းနဲ့ ၉ သိန်း ၁ သောင်းလောက် အသီးသီး ကျသင့်မှာပါ။

First-party Accessories

• DualSense controller – Rs. 5,990
• HD Camera – Rs. 5,190
• Pulse 3D Wireless Headset – Rs. 8,590
• Media Remote – Rs. 2,590
• DualSense Charging Station – Rs. 2,590

အစောပိုင်း ကစားနိုင်မယ့် ဂိမ်းတွေကို အောက်မှာ လေ့လာနိုင်ပါတယ်။

• Demon’s Souls – Rs. 4,999
• Destruction Allstars – Rs. 4,999
• Spider-Man: Miles Morales Ultimate Edition – Rs. 4,999
• Spider-Man: Miles Morales – Rs. 3,999
• Sackboy A Big Adventures – Rs. 3,999

Ref : fonearena

%d bloggers like this: