0 Shares 249 Views

Play Store ကိုဝင်စရာမလိုပဲ Google App သုံးရင်းနဲ့ App အသစ်တွေ install လုပ်နိုင်ပြီ

Jan 20, 2016
0 249

google_mobiile_app_install_screenshot

Google ကုမ္မဏီဟာ Search ကတဆင့် ရှာဖွေမှု ရလဒ်တွေထဲမှာ ၁ ခုခုကို ထည့်သွင်းဖို့ အမြဲစမ်းသပ်နေလေ့ရှိပါတယ်။ ဒါပေမယ့် ဒီတစ်ခါ စမ်းသပ်မှုကတော့ ပိုပြီး အဓိပ္ပာယ်ရှိနေပါတယ်။ Google ဟာ user တွေကို Play Store အထိသွားစရာမလိုပဲ Google ရဲ့ Search ရှာဖွေမှုရလဒ်ထဲမှာတင် App တွေကို ရှာဖွေပြီး Install ပြုလုပ်နိုင်မယ့် ရွေးချယ်ခွင့်ကိုပေးလိုက်ပါတယ်။

သင့်အနေနဲ့လည်း ဒါကို စမ်းသပ်လိုတယ်ဆိုရင် ဖုန်းထဲက Google ဆိုတဲ့ app ကိုဖွင့်ပြီး အခြား သင် install ပြုလုပ်လိုတဲ့ App ကို Search ထဲမှာ ရိုက်နှိပ်ပြီး ရှာဖွေလိုက်ပါ။အဲဒီအခါမှာတော့ ရှာဖွေမှု ရလဒ်တွေထဲမှာ ထိပ်ဆုံးက ပြသနေမှာကတော့ ထို App ကို တိုက်ရိုက် install လုပ်နိုင်မယ့် ခလုတ်လေးကို ပြသမှာဖြစ်ပြီး ထိုခလုတ်လေးကို နှိပ်လိုက်တာနဲ့ Play Store ရဲ့ install လုပ်တဲ့အဆင့်ကို တိုက်ရိုက် ရောက်ရှိသွားမှာဖြစ်ပါတယ်။

အခြား ရှာဖွေမှု ရလဒ်တွေကတော့ သင်ရှာဖွေလိုက်တဲ့ App နဲ့ ဆက်စပ်နေတဲ့ Forum များ ၊ ဆောင်းပါးများရဲ့  လင့်ခ်များသာ ဖြစ်နေမှာပါ။

ဒါပေမယ့်လည်း ဒီလုပ်ဆောင်ချက်ဟာ Google ဆိုတဲ့ App ကိုအသုံးပြုတဲ့အခါမှာပဲ ရမှာပါ။ Chrome လို အခြား Browser တွေမှာတော့ ရမှာမဟုတ်ပါဘူး။ တစ်ချို့ သော user တွေ ပြောပြကြတာက သူတို့ ဖုန်းတွေမှာ ဒီလုပ်ဆောင်ချက်ကို လွန်ခဲ့တဲ့ ၁ လကတည်းက ရနေတာလို့ဆိုပေမယ့် အဲဒါဟာ စမ်းသပ်ဆဲ ကာလသာ ဖြစ်ခဲ့ပြီး အခုအချိန်မှာတော့ တရားဝင် ထည့်သွင်းပေးလိုက်တဲ့ လုပ်ဆောင်ချက်အသစ်ဖြစ်လာခဲ့ပါပြီ။

Ref : Android Police

You may be interested

Apple က iPhone Crash Bug ကို ပြုပြင်ပေးတဲ့ iOS 11.2.6  ကို ဖြန့်ချီ
Apple, HUBS, Mobiles & Tablets
0 shares0 views

Apple က iPhone Crash Bug ကို ပြုပြင်ပေးတဲ့ iOS 11.2.6  ကို ဖြန့်ချီ

Ko Thuya - Feb 20, 2018

  Apple က စာလုံးတစ်လုံးထဲဖြင့် iPhone များကို Crash ဖြစ်စေတဲ့ Bug ကို ပြုပြင်ပေးတဲ့  Update ကို ဖြန့်ချီပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်အတွင်းက အိန္ဒိယ ဘာသာစကား တီလူဂါမှ အက္ခရာတစ်ခုဟာ iPhone System နဲ့…

Google က နှလုံးရောဂါကို ကြိုတင်ခန့်မှန်းဖို့ ဥာဏ်ရည်တု နည်းပညာကို အသုံးပြုနေ
Google, HUBS, NEWS
0 shares0 views

Google က နှလုံးရောဂါကို ကြိုတင်ခန့်မှန်းဖို့ ဥာဏ်ရည်တု နည်းပညာကို အသုံးပြုနေ

Ko Thuya - Feb 20, 2018

  နည်းပညာ ဘီလူးကြီး Google က ဥာဏ်ရည်တု နည်းပညာကို ကဏ္ဍပေါင်းစုံမှာ အသုံးချဖို့ ကြိုးစားနေပါတယ်။ ကုမ္ပဏီ အသစ်ဖန်တီးထားတနဲ့ AI Program က လူတွေရဲ့ မျက်လုံးမှ အဓိက အကြောင်းအရာများကို ရှာဖွေခြင်းဖြင့် နှလုံးရောဂါကို ကြိုတင်ခန့်မှန်းနိုင်ပါတယ်။ လူသား …

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+
Android, HUBS, Mobiles & Tablets
181 shares521 views

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+

Ko Thuya - Feb 20, 2018

လာမယ့် တနင်္ဂနွေနေ့မှာ ဆမ်ဆောင်းက Galaxy S9 , Galaxy S9+ စမတ်ဖုန်းများကို ကြေညာတော့မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ သတင်းအချက်အလက်များဟာလည်း များစွာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ Exynos ပါတဲ့ S9 ရဲ့ စွမ်းဆောင်ရည်ကို စစ်ဆေးထားတဲ့ ရလဒ်များဟာ…

Most from this category