၅ မိနစ်အတွင်း သန်းပေါင်း ၃ သိန်းကျော်ဖိုး ရောင်းချနိုင်ခဲ့တဲ့ Xiaomi Mi 11

Xiaomi Mi 11 ကို တရုတ်မှာ ပထမ အသုတ် ရောင်းပေးလိုက်ပြီ ဖြစ်ပြီး ရောင်းအား အရမ်းကို ကြမ်းနေပါတယ်။ ၅ မိနစ်အတွင်း ၁.၅ ဘီလီယမ် ယွမ်ဖိုး ရောင်းချလိုက်ရပြီး မြန်မာငွေနဲ့တွက်ရင် သန်းပေါင်း ၃ သိန်းကျော်သွားပါတယ်။ ပျမ်းမျှ ၁ လုံးကို ၄,၃၀၀ ယွမ်နဲ့တွက်ရင် အလုံးရေ ၃ သိန်းခွဲလောက် ရောင်းချနိုင်ခဲ့တာပါ။

Xiaomi Mi 11 အကြောင်းကို ပြန်လည် လေ့လာကြည့်ရအောင်။ 120Hz Refresh Rate နဲ့ 480Hz Touch Sampling Rate ပါတဲ့အတွက် ဂိမ်းကစားရင် ၊ ဖုန်း သုံးရင် မျက်နှာပြင် တုန့်ပြန်မှု အရမ်း ကောင်းပါတယ်။ ခြစ်ရာနဲ့ ပြုတ်ကျတဲ့ဒဏ်ကို ပိုခံနိုင်တဲ့ Gorilla Glass Victus သုံးထားပြီး DisplayMate ရဲ့ A+ Rating ရထားပါတယ်။

VC LiquidCool နည်းပညာ ပါတဲ့အတွက် အပူချိန်လျှော့ချပေးနိုင်ပြီး အနောက်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားပါတယ်။ 55W Wired Flash Charging က ၄၅ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပြီး 50W Wireless Fast Charging နဲ့ 10W Wireless Reverse Charging တွေ ပါလာပါတယ်။ တရုတ်မှာ Charger မပါတဲ့ ဗားရှင်းနဲ့ 55W GaN Charger ပါတဲ့ ဗားရှင်း ၂ မျိုး ရောင်းမှာ ဖြစ်ပြီး ဈေးက အတူတူပါပဲ။

Xiaomi Mi 11 specifications

• 6.81-inch (3200×1440 pixels) Quad HD+ AMOLED 20:9 HDR10 + display with 120Hz refresh rate, 1500nit (HBM) / 900nit (Typ) brightness, 5000000:1 (Min) contrast ratio, MEMC, 100% DCI-P3 Wide Color Gamut, Corning Gorilla Glass Victus protection
• Octa Core Snapdragon 888 5nm Mobile Platform with Adreno 660 GPU
• 8GB LPPDDR5 3200MHz RAM with 128GB / 256GB UFS 3.1 storage / 12GB 3200MHz LPPDDR5 RAM with 256GB UFS 3.1 storage
• Dual SIM (nano + nano)
• MIUI 12 based on Android 11
• 108MP rear camera with 1/ 1.33″ Samsung sensor, 0.8μm pixel size, f/1.85 aperture, OIS, LED flash, 13MP 123° ultra-wide angle lens with f/2.4 aperture, 5MP telemacro camera with f/2.4 aperture, 8k at 30fps, 4k 60fps, 960fps at 720p
• 20MP front-facing camera with 0.8μm pixel size, f/2.4 aperture
• In-screen fingerprint sensor with heart rate monitoring, Infrared sensor
• USB Type-C audio, Hi-Res audio, Dual speakers, SOUND BY Harman Kardon
• Dimensions: 164.3x 74.6 x 8.06mm (glass)/8.56mm (leather); Weight: 196g (glass) / 194g (leather)
• 5G SA/NSA Dual 4G VoLTE, Wi-Fi 6E 802.11 ax 8 x / MU-MIMO, Bluetooth 5.1, GPS (L1 + L5), NFC, USB Type-C
• 4600mAh (Typical) / 4500mAh (Minimum) battery with 55W wired QC4+ / QC3+ / PD3.0, 50W wireless fast charging, 10w wireless reverse charging

Midnight Gray, Horizon Blue နဲ့ Frost White ၃ ရောင် ထုတ်လုပ်ထားပြီး သားရေ မော်ဒယ်အတွက် Lilac Purple နဲ့ Honey Beige တွေ ရွေးချယ်နိုင်ပါတယ်။ 8/128GB ကို ၃၉၉၉ ယွမ် ၊ 8/256GB ကို ၄၂၉၉ ယွမ်နဲ့ 12/256GB ကို ၄၆၉၉ ယွမ် သတ်မှတ်ထားပြီး ၈ သိန်း ၂ သောင်းက စမှာပါ။

Ref : fonearena

%d bloggers like this: