မျက်နှာပြင်အောက် ကင်မရာ ပါတဲ့ ကမ္ဘာ့ ပထမဆုံးဖုန်းကို တစ်စစီ ဖြုတ်ကြည့်လိုက်တဲ့ အခါ

ZTE Axon 20 5G ဟာ မျက်နှာပြင်အောက် ကင်မရာ ပါတဲ့ ကမ္ဘာ့ ပထမဆုံးဖုန်း အဖြစ် မှတ်တမ်းဝင်ထားပါတယ်။ အခုတော့ JerryRigEverything က အဲဒီဖုန်းကို တစ်စစီ ဖြုတ်ကြည့်တဲ့ ဗီဒီယိုကို မျှဝေလိုက်ပါတယ်။

မျက်နှာပြင်အောက် ကင်မရာ နည်းပညာမှာ ကင်မရာဟာ မျက်နှာပြင်ရဲ့ အောက်မှာ ရောက်နေတဲ့အတွက် ဓါတ်ပုံ၊ ဗီဒီယို အရည်အသွေးဟာ ကျဆင်းတတ်ပါတယ်။ ဒီနည်းပညာဟာ နောက် ၂ နှစ်၊ ၃ နှစ်လောက်ကျမှ တိုးတက်လာနိုင်ပါတယ်။ ဒါပေမယ့် စောစောစီးစီးပဲ ZTE က ချပြနိုင်တာက ချီးကျူးစရာကောင်းပေမယ့် ဓါတ်ပုံနဲ့ ဗီဒီယို အရည်အသွေးကတော့ အားနည်းနေပါသေးတယ်။

JerryRigEverything က အဲဒီ စမတ်ဖုန်းကို တစ်စစီ ဖြုတ်ပြတဲ့ ဗီဒီယိုကို အောက်မှာ လေ့လာနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: