သုံးနှစ်ကြာ Youtube အသုံးပြုခွင့် ပိတ်ပင်ထားမှုကို ပါကစ္စတန် ရုပ်သိမ်း

Jan 19, 2016
0 8

Google-Removes-Anti-Islamic-Video-from-Youtube

Youtube ဟာ သုံးနှစ်တာပိတ်ပင်ခံရပြီးနောက်မှာ၊ ပါကစ္စတန်နိုင်ငံရဲ့ အင်တာနက်ပေါ် ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်မှာ တမန်တော်မိုဟာမက်ကိုလှောင်ပြောင်သရော်ထားတဲ့ဗီဒီယိုတစ်ခုကို ဖြုတ်ချပေးဖို့အတွက် Youtube က ငြင်းဆန်ခဲ့ပြီးနောက်မှာ ပါကစ္စတန်နိုင်ငံအတွင်း Youtube သုံးနိုင်မှုကို အစိုးရက ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

ယခုအခါ Youtube ပေါ်ကဗီဒီယိုတွေကို ဆင်ဆာလုပ်၊ထိန်းချုပ်နိုင်တဲ့ Youtube ပါကစ္စတန်ဗားရှင်းကို Google က ဖန်တီးပေးလိုက်ပြီးနောက်မှာ၊ ဒီပိတ်ပင်ထားမှုကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ပါကစ္စတန်အစိုးရက တနင်္လာနေ့မှာ ကြေငြာခဲ့တာဖြစ်ပါတယ်။

ပါကစ္စတန်ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ Youtube တို့ရဲ့ ယခုသဘောတူညီမှုအရ Youtube ထဲက ဗီဒီယိုအကြောင်းအရာတွေကို ပါကစ္စတန်ဆက်သွယ်ရေးအာဏာပိုင်အဖွဲ့အနေနဲ့ မနှစ်မြို့ပါက ကြိုက်သလိုပိတ်ပင်မှုတွေပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Youtube ဟာ လက်ရှိမှာလည်း နိုင်ငံတစ်နိုင်ငံချင်းစီရဲ့ စိစစ်ရေးမူဝါဒအတိုင်း နိုင်ငံလိုက်သီးသန့် ထုတ်ပေးထားရတဲ့ Youtube ဆိုက်ပေါင်း ၈၅ ခုရှိနေပါတယ်။

Youtube နဲ့ မိခင်ကုမ္ပဏီ Google တို့ဟာ ဆိုက်ထဲကအကြောင်းအရာတွေကို ဆင်ဆာမလုပ်လိုမှုကြောင့် ၊ တရုတ်ပြည်မကြီး အပါအ၀င် အီရန်၊ မြောက်ကိုရီးယားနဲ့ တူရကီနိုင်ငံ စတဲ့ နိုင်ငံအချို့မှာတော့ ပိတ်ပင်ခံထားရဆဲ ဖြစ်ပါတယ်။

Ref: Cnet

 

 

 

 

You may be interested

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram
NEWS
56 shares7 views

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram

Nwe Oo - Jun 24, 2018

[Zawgyi] ၂၀၁၀ စတည်ထောင်တဲ့အချိန်ကနေ ဒီနေ့ထိဆိုရင် Instagram ကိုအသုံးပြုသူပေါင်း ၁ဘီလီယံရှိသွားပြီဖြစ်ပြီး ဒီကြေညာချက်နဲ့အတူ စိတ်ဝင်စားစရာ App တစ်ခုပါ ထွက်ရှိလာခဲ့ပါပြီ။ သူကတော့ Instragram မှာ ဒေါင်လိုက် ဗီဒီယိုအရှည်တွေကို ကြည့်လို့ရနိုင်မယ့် IGTV ဆိုတဲ့ App အသစ်လေးဖြစ်ပြီး ဗီဒီယိုဖန်တီးသူတွေအတွက်…

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်
Automobiles, Mobiles & Tablets, NEWS
92 shares18 views

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်

Ko Thuya - Jun 24, 2018

စမတ်ဖုန်းများဟာ လူတွေနဲ့ အနီးဆုံးရှိတဲ့ ကိရိယာများ ဖြစ်လာသလို သူ့မှာ စွမ်းရည်များ ပိုမိုများပြားအောင်လည်း ထည့်သွင်းပေးနေကြပါတယ်။ အခုလည်း စမတ်ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါများ ဖွင့်ခြင်းများကို ပြုလုပ်နိုင်မယ့် စံနှုန်းတစ်ခုကို သတ်မှတ်လိုက်ပါတယ်။ Car Connectivity Consortium (CCC) က Digital…

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ
FEATURES, gadgets
70 shares16 views

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ

Ko Thuya - Jun 24, 2018

လူတွေရဲ့ နေ့စဉ် လူနေမှုဘ၀ကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍမှာ ဒီတစ်ပတ်အတွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။ Stair Steady လှေကားများဟာ သက်ကြီး…

Most from this category