ANCနဲ့ Digital Crown ပါတဲ့ Apple AirPods Max Headphones ကို ကြေညာ

Apple က AirPods Max Headphones ကို ကြေညာလိုက်ပြီး Over-ear ဒီဇိုင်း ဖြစ်ပါတယ်။ Active Noise Cancellation , Spatial Audio နဲ့ တခြားလုပ်ဆောင်ချက်တွေ ပါပါတယ်။ ကြိုးမဲ့ နားကြပ် ဖြစ်ပြီး 40mm Dynamic Driver နဲ့ Apple H1 Chip ထောက်ပံ့ထားပါတယ်။ Stainless Headband Frame က မာကျောသလို ကွေးညွှတ်ပျော့ပြောင်းပြီး ဦးခေါင်းအရွယ်အစား မျိုးစုံအတွက် ဝတ်ဆင်ရတာ သက်တောင့်သက်သာရှိပါတယ်။

Digital Crown ကနေ အသံနဲ့ သီချင်းကို ထိန်းချုပ်နိုင်ပြီး Siri ကို ဆင့်ခေါ်နိုင်သလို ဖုန်းချနိုင်ပါတယ်။ Transparency Mode က သီချင်းနားထောင်နေချိန်မှာ ပတ်ဝန်းကျင်က အသံတွေကို ကြားနိုင်စေပြီး Dynamic Head Tracking ပါတဲ့ Spatial Audio က က ရုပ်ရှင်ရုံ ၊ ခန်းမထဲ ကြည့်နေရသလို ခံစားရစေပါတယ်။

AirPods နဲ့ AirPods Pro မှာလိုပဲ AirPods Max မှာ တစ်ချက်နှိပ်လိုက်တာရင် ဖုန်းနဲ့ မြန်မြန် ချိတ်ဆက်ပေးနိုင်ပြီး ဆန်ဆာတွေကို အသုံးပြုကာ ဦးခေါင်းမှာ ဝတ်ဆင်ထားသလားဆိုတာ သိနားလည်ပါတယ်။ ဘက်ထရီ သက်တမ်းကို ပြောရရင် နာရီ ၂၀ ဖြစ်ပါတယ်။ သူ့ကို ထည့်သွင်းဖို့ Smart Case ပါလာပြီး Ultra-low Power State နဲ့ ထည့်ထားနိုင်ပါတယ်။ ၅ မိနစ်အားသွင်းရင် ၁ နာရီခွဲကြာ သီချင်းနားထောင်နိုင်တဲ့ Fast Charging ပါလာပါတယ်။

AirPods Max အတွက် Space Grey, Silver, Sky Blue, Green နဲ့ Pink အရောင် ထုတ်လုပ်ထားပြီး ၅၉,၉၉၀ ရူပီး သတ်မှတ်ထားပါတယ်။ ဒီဇိုင်းနဲ့စွမ်းရည် မိုက်သလို ဈေးလည်း မြောက်ပါတယ်။ ၁၀ သိန်းလောက်တန်ကြေးရှိပြီး ၁၅ ရက်နေ့ အိန္ဒိယမှာ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: