0 Shares 31 Views

နှစ်စဉ်ကြေးသွင်းစရာမလိုဘဲ လူတိုင်းအခမဲ့သုံးနိုင်တော့မယ့် WhatsApp

Jan 19, 2016
0 31

ကမ္ဘာတစ်လွှားကလူတွေအကြားမှာ နာမည်အကြီးဆုံး messaging app တစ်ခုဖြစ်တဲ့ WhatsApp ကို ယခုအခါ နှစ်စဉ်ကြေးတစ်ဒေါ်လာ ပေးဆောင်စရာမလိုတော့ဘဲ လူတိုင်းအခမဲ့သုံးစွဲနိုင်ပြီဖြစ်ပါတယ်။

WhatsApp သုံးစွဲသူအများအပြားမှာ အကြွေးဝယ်ကတ်နံပါတ်တို့ ငွေစာရင်းနံပါတ်တို့မရှိတာကြောင့် အခုလို နှစ်စဉ်ကြေးကို ရပ်ဆိုင်းခဲ့တာဖြစ်တယ်လို့ WhatsApp ရဲ့ တရားဝင်ဘလော့ဂ်စာမျက်နှာမှာ ယနေ့ပဲ ထုတ်ပြန်ကြေငြာခဲ့တာဖြစ်ပါတယ်။

အသုံးပြုခမကောက်ခံတော့ပေမယ့်လည်း၊ ဒီအစား အသုံးပြုသူ user တွေကို ကြေငြာတွေလည်း ပြသွားမှာမဟုတ်ပါဘူးလို့ ကုမ္ပဏီက ကတိပေးခဲ့ပါတယ်။

လက်ရှိပေးဆောင်နေရတဲ့နှစ်စဉ်ကြေးကို နောက်ထပ်ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ WhatsApp ကနေ တရားဝင်ဖယ်ထုတ်သွားမှာဖြစ်ပြီး စီးပွားရေးလုပ်ငန်းတွေနဲ့ အသုံးပြုသူတွေကို ချိတ်ဆက်ပေးမယ့် ၀န်ဆောင်မှု အသစ်တွေကိုလည်း ကုမ္ပဏီအနေနဲ့ စမ်းသပ်လျက်ရှိကြောင်း အထက်ပါကြေငြာချက်မှာ ဖော်ပြပါရှိပါတယ်။

၂၀၁၄ ခုနှစ်က ကိန်းဂဏန်းအချက်အလက်တွေအရ Facebook ပိုင် WhatsApp ကို တစ်ကမ္ဘာလုံးမှာ လစဉ် အသုံးပြုသူပေါင်း သန်း ၅၀၀ ကျော်ရှိကာ၊ တစ်နေ့ကို ဗီဒီယိုပေါင်း သန်း ၁၀၀ လောက်နဲ့ ဓာတ်ပုံပေါင်း သန်း ၇၀၀ လောက်ကို အသုံးပြုတွေ နေ့စဉ်မျှဝေလျက်ရှိပါတယ်။

Ref: DailyMail

 

 

 

 

 

You may be interested

ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Legend of Solgard
FEATURES, Games
26 shares8 views

ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Legend of Solgard

Ko Thuya - Sep 22, 2018

Legend of Solgard ဟာ Candy Crush Series များကို ဖန်တီးထားတဲ့ King ရဲ့ လက်ရာ အသစ်တစ်ခု ဖြစ်ပါတယ်။ RPG Game ဖြစ်ပြီး တိုက်ခိုက်ရေး ဂိမ်း ဖြစ်ပါတယ်။ ဇာတ်ကောင်များကို စုဆောင်းပြီး သူတို့ရဲ့…

Android မှာ Mobile Data သက်သာချင်ရင် ဆောင်ထားရမယ့် App (၄) ခု
Android, FEATURES, HUBS
137 shares47 views

Android မှာ Mobile Data သက်သာချင်ရင် ဆောင်ထားရမယ့် App (၄) ခု

Ko Thuya - Sep 22, 2018

Android မှာ Facebook လို လူမှုကွန်ရက်များ အသုံးပြုခြင်း၊ ၀က်ဆိုက်များကြည့်ခြင်း အပါအ၀င် အင်တာနက် အသုံးပြုတဲ့ လူများအတွက် မိုဘိုင်းဒေတာကို သက်သာစေတဲ့ Apps များ ရှိပါတယ်။ အဲဒီ Apps များထဲမှ သင်နဲ့ သင့်တော်တဲ့ တစ်ခုကို ရွေးချယ်…

Xiaomi Redmi Y2 အတွက် အပြာနဲ့ အနက်ရောင်များ ထွက်ပြီ
Android, HUBS, Mobiles & Tablets
147 shares27 views

Xiaomi Redmi Y2 အတွက် အပြာနဲ့ အနက်ရောင်များ ထွက်ပြီ

Ko Thuya - Sep 22, 2018

ရှောင်မီက မေလမှာ Redmi S2 ကို ကြေညာခဲ့ပါတယ်။ သူ့ကို အိန္ဒိယမှာ Redmi Y2 အမည်နဲ့ ရောင်းချပေးခဲ့ပြီး ရွှေ၊ နှင်းဆီရွှေနဲ့ အညိုရောင်များ ထုတ်လုပ်ပေးခဲ့ပါတယ်။ အခုတော့ Xiaomi India က Redmi Y2 အတွက်…

Most from this category