MIUI 13 ရမယ့် Xiaomi , Redmi နဲ့ Poco ဖုန်း စာရင်း ပေါက်ကြားလာ

Xiaomi ဟာ MIUI 12 Beta နဲ့ Stable Version တွေကို Xiaomi , Redmi နဲ့ Poco ဖုန်းတွေအတွက် ဖြန့်ချိပေးနေပါတယ်။ ဒါပေမယ့်လည်း MIUI 13 ကိုလည်း စတင် ဖန်တီးနေပြီ ဖြစ်ပါတယ်။ အရင်သတင်းအရ MIUI 13 Beta Testing ကို နောက်နှစ်နွေရာသီမှာ စတင်မယ်လို့ သိခဲ့ရပေမယ့် အခုတော့ ဒီထက်စောမယ်လို့ သတင်းထွက်လာပါတယ်။ ဧပြီလလောက်မှာ စတင် နိုင်ပါတယ်။

အခုတော့ MIUI 13 ရမယ့် Xiaomi , Redmi နဲ့ Poco ဖုန်း စာရင်း ပေါက်ကြားလာပါတယ်။ အဲဒီစာရင်းကို အောက်မှာ လေ့လာနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ Xiaomi က တရားဝင် ထုတ်ပြန်တဲ့စာရင်း မဟုတ်တာကို သတိပြုပါ။

• Xiaomi Mi 10T, Mi 10T Lite, Mi 10T Pro
• Xiaomi Mi Note 10, Mi Note 10 Lite, Mi Note 10 Pro
• Xiaomi-Mi 10 5G, Mi 10 Youth 5G, Mi 10 Lite 5G, Mi 10 Pro 5G, Mi 10 Ultra
• Xiaomi Mi CC9 Pro
• Xiaomi Mi Mix Alpha
• Xiaomi-Mi 9 Explorer, Mi 9 Pro, Mi 9 Pro 5G
• Redmi K30, Redmi K30 5G, Redmi K30i 5G, Redmi K30 5G Racing, Redmi K30 Pro, Redmi K30 Pro Zoom, Redmi K30 Ultra
• Redmi K20 Pro, Redmi K20 Pro Premium
• Redmi-10X 4G, Redmi 10X 5G, Redmi 10X Pro 5G
• Redmi Note 9, Redmi Note 9S, Redmi Note 9 Pro, Redmi Note 9 Pro Max
• Redmi-9, Redmi 9A, Redmi 9C, Redmi 9i, Redmi 9 Prime
• Redmi Note 8, Redmi Note 8T, Redmi Note 8 Pro
• POCO X3, POCO X3 NFC
• POCO M2, POCO M2 Pro
• POCO-F2 Pro
• POCO X2, POCO X2 Pro
• POCO C3
• Black Shark 3, Black Shark 3 Pro, Black Shark 3S
• Black Shark 2, Black Shark 2 Pro

MIUI 13 ရဲ့ UI ကို ပြသထားတဲ့ ဗီဒီယို ၁ ခုကိုလည်း အောက်မှာ လေ့လာနိုင်ပါတယ်။

Ref : gizchina

%d bloggers like this: