Samsung Galaxy A32 5G ရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာ

ဖုန်း Case ထုတ်လုပ်သူတွေဟာ ဖုန်း မကြေညာခင် Case တွေကို ကြိုတင် ဖန်တီးလေ့ရှိတဲ့အတွက် မကြေညာရသေးတဲ့ ဖုန်းအသစ်တွေ သူတို့ဆီက ပေါက်ကြားထွက်ပေါ်လေ့ရှိပါတယ်။ အခုလည်း Samsung Galaxy A32 5G ရဲ့ ဓါတ်ပုံတွေ Case နဲ့အတူ ပေါက်ကြားထွက်ပေါ်လာပါတယ်။ Case ထုတ်လုပ်တဲ့ ကုမ္ပဏီ နာမည်ကို မသိရသေးပါဘူး။ အဲဒီ စမတ်ဖုန်းဟာ Samsung ရဲ့ ဈေးအချိုဆုံး 5G ဖုန်း ဖြစ်လာနိုင်ပါတယ်။

Infinity-U မျက်နှာပြင် ဒီဇိုင်းကို အသုံးပြုထားပြီး အရွယ်အစားကို မသိရသေးပါဘူး။ ဘေးဘက် လက်ဗွေရာ အာရုံခံ ကိရိယာကို ညာဘက်မှာ အသံခလုတ်တွေနဲ့အတူ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံးကို ဒေါင်လိုက် တပ်ဆင်ထားပြီး 48MP Main , Ultrawide နဲ့ 2MP Depth တွေ ပါလာနိုင်ပါတယ်။

ဖုန်းရဲ့ အောက်ခြေမှာ နားကြပ်ပေါက်၊ USB-C Port ၊ စပီကာနဲ့ မိုက်ကရိုဖုန်းတွေကို မြင်ရပါတယ်။ ပလတ်စတစ် ကိုယ်ထည်ကို အသုံးပြုထားမယ်လို့ ထင်ရပါတယ်။ လက်ရှိမှာ သူ့ အကြောင်းကို ဒီလောက်ပဲ သိရပါသေးတယ်။ မကြာခင်မှာ သူ့ရဲ့ သတင်းအချက်အလက်တွေ ပိုမို ထွက်ပေါ်လာမယ်လို့ ထင်ပါတယ်။

Ref : gsmarena

%d bloggers like this: