ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်တဲ့ Redmi Watch ကို ကြေညာပြီ

Redmi က သူ့ရဲ့ ပထမဆုံး စမတ်နာရီကို ကြေညာလိုက်ပါတယ်။ Redmi Watch လို့ နာမည်ပေးထားပြီး ၁.၄ လက်မ LCD ထိတွေ့မျက်နှာပြင် ထည့်သွင်းထားပါတယ်။ Watch Face ပေါင်း ၁၂၀ ကျော်ပါလာပြီး ၂၄ နာရီ နှလုံးခုန်နှုန်း တိုင်းတာပေးတဲ့လုပ်ဆောင်ချက် ထည့်ထားပါတယ်။ ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်တဲ့အတွက် ရေကူးရင် ဝတ်ထားလို့ရပါတယ်။

Sports Mode ၇ မျိုး ပါလာပြီး ပေါ့ပါး ပါတယ်။ ငွေပေးချေမှုအတွက် NFC ထောက်ပံ့ထားပြီး ဖုန်းက Notification နဲ့ SMS တွေကို ပြသပေးပါတယ်။ ဖုန်းလာရင်လည်း အသိပေးနိုင်ပြီး သာမာန်သုံးရင် ၇ ရက်နဲ့ Life Mode သုံးရင် ၁၂ ရက်အထိ အသုံးခံတဲ့ 230mAh ဘက်ထရီ ပါလာပါတယ်။

Redmi Watch specifications

• 1.4-inch (320×320 pixels) 323 PPI touch color LCD screen
• Six-axis sensor, geomagnetic sensor, Ambient light sensor, Heart rate sensor
• Bluetooth 5.0 to connect to Android 5.0+ and iOS 10.0+ devices
• 7 Sports modes: Indoor Running, Outdoor Running, Outdoor Cycling, Indoor Cycling, Swimming, Swimming, Freestyle
• Automated Heart Rate Measurement, 24-hour Real-time Heart Rate, Sleep Detection, Steps, Calories, Distance, Sedentary Reminder, Activity Records
• Multifunctional NFC
• Call Notification, Message Reminder, Alarm Reminder
• Water Resistant (5ATM or 50 meter)
• Dimensions: 41x 35 x 10.9mm; Weight: 35g (including strap)
• 230mAh battery with 7 days battery life with typical use, 12 days in long battery life mode

Redmi Watch အတွက် Elegant Black, Ink Blue နဲ့ Ivory White အရောင်တွေထုတ်လုပ်ထားပြီး လိုက်ဖက်တဲ့ လက်ပတ်ကြိုးတွေ ပါပါတယ်။ ဒါ့အပြင် Cherry Pink နဲ့ Pine Green ၂ ရောင် အပို ထုတ်လုပ်ပေးထားပါတယ်။ ၂၆၉ ယွမ် သတ်မှတ်ထားပြီး ၅ သောင်း ၃ ထောင်လောက် ရှိပါတယ်။

Ref : fonearena

%d bloggers like this: