“ ထူးခြားဆန်းကြယ် နည်းပညာနယ် ..”

  • တရုတ်နိုင်ငံ အနောက်တောင်ပိုင်း မှာ တွေ့ရတတ်တဲ့ Red Panda (ပန်ဒါနီ) ကို အင်္ဂလိပ်လို Firefox လို့ ခေါ်ပါတယ်။ အင်တာနက် ကြည့်တဲ့ Browser Firefox မှာ ရှိတဲ့ တိရိစ္ဆာန် ပုံကလေး ဟာ အများထင်သလို မြေခွေးပုံမဟုတ်ဘဲ အဲဒီ ပန်ဒါနီ ကို ရည်ညွန်းတာပါ။

 

  • ရိုဘော့(robot) ဆိုတဲ့ စကားလုံးဟာ ချက်ဘာသာစကား က ဆင်းသက်လာတာဖြစ်ပြီး Robota လို့ မူရင်း အမည်ရှိပါတယ်။ ဆိုလိုရင်းကတော့ အတင်းအကြပ် အလုပ်စေခိုင်းမှု လို့ အဓိပ္ပါယ် ရပါတယ်။
  • 3
  • ဘီလ်ဂိတ် ဟာ တက္ကသိုလ် က ဘွဲ့မရရှိခဲ့ပါဘူး။
  • ကွန်ပျူတာလောက မှာ (အိုင်ဘီအမ် အနွယ်ဝင်) ၀င်းဒိုး အုပ်စု နဲ့ မက်ကင်းတော့ရှ် အုပ်စု ဆိုပြီး အုပ်စုကြီး နှစ်ခု ဟာ ဈေးကွက်ဝေစုအတွက် ရေကုန်ရေခန်း ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ ဘီလ်ဂိတ်ကတော့ အိုင်ဘီအမ်အနွယ်ဝင် အုပ်စု ဖြစ်ပြီး သူရဲ့ ထုတ်ကုန်ကို အစွဲပြုပြီး ၀င်းဒိုး အုပ်စုလို့ ခေါ်ဆိုကြတာပါ။ ဒါပေမဲ့ ဘီလ်ဂိတ် ဟာ သူ့အိမ်ကိုတော့ Macintosh (မက်ကင်းတော့ရှ်) ကွန်ပျူတာဒီဇိုင်း နဲ့ သာ အိမ်ဒီဇိုင်း ရေးဆွဲခဲ့ပါတယ်။
  • 4
  • လက်ပစ်ဗုံး နဲ့ တခြား ပေါက်ကွဲမှုတွေ ကို ခံနိုင်ရည် ရှိတဲ့ နဂါးကိုယ်ကြပ်အကျီ ( Dragon Skin Body Armour ) တနည်းအားဖြင့် ကျည်ကာအကျီ ဟာ ၂၀၀၇ ခုနှစ်တကည်း က အကောင်းဆုံး တီထွင်မှု ဖြစ်ခဲ့ပေမဲ့ အမေရိကန်စစ်တပ် က ပုဂ္ဂလိက လုပ်ငန်းတွေမှာ သုံးစွဲဖို့ ပိတ်ပင်ခဲ့တဲ့အတွက် နောက်ဆုံးတီထွင်မှု လည်း ဖြစ်ခဲ့ရပါတယ်။
  • CD တွေရဲ့ အလုပ်လုပ်ဆောင်ပုံဟာ အတွင်းဘက် နေ အပြင်ဘက်အစွန်အဖျား အထိ အချက်အလက်တွေကို မှတ်ယူသိမ်းဆည်းတဲ့ အလုပ်ကို လုပ်ပါတယ်။ ဒါပေမဲ့ အချက်အလက်တွေကို ပြန်လည် ထုတ်ပြတဲ့အခါမှာတော့ အပြင်ဘက်အစွန်အဖျားကနေ အတွင်းဘက်ထဲကို သွားတဲ့ Reverse Technology နဲ့ ထုတ်ဖော်ပြသပါတယ်။
  • ကမ္ဘာ့ပထမဆုံး VCR ကို ၁၉၅၆ ခုနှစ်မှာ ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး စန္ဒယားတစ်ခု စာ အရွယ်ရှိပါတယ်။
  • ကွန်ပျူတာဝန်ထမ်းတစ်ယောက် ရဲ့ ကီးဘုတ် ရိုက်နှုန်းကို တွက်ချက်ကြည့်မယ် ဆိုရင် ကီးဘုတ် ရိုက်တဲ့ လက်ချောင်းတွေ ဟာ ရိုက်ချက်အရေအတွက်၊ သွားနှုန်း ဟာ တစ်ရက်ကို ခရီးအကွာအဝေး ၁၂ မိုင် နဲ့ အလားသဏ္ဍာန်တူပါတယ်။
  • ပထမဆုံး နှိုးစက် နာရီ ဟာ နေ့စဉ်တိုင်းမှာ မနက် ၄း၀၀ အချိန်ကိုပဲ နှိုးပေးနိုင်ခဲ့ပါတယ်။
  • လူတွေ မေ့လျော့နေတဲ့ ရက်တွေထဲက တစ်ခု ကတော့ နိုဝင်ဘာ ၃၀ ရက်နေ့ ဖြစ်ပြီး အဲဒါ ဟာ ကွန်ပျူတာလုံခြုံရေး နေ့ ဖြစ်ပါတယ်။
  • ၂၀၀၅ ခုနှစ် မှာ နာဆာ ဟာ တစ်ကမ္ဘာလုံးကို ကျီစယ်တဲ့ စကားတစ်ခွန်း ပြောခဲ့ပါတယ်။ အဲဒါကတော့ “ မားစ်ဂြိုဟ်မှာ ရေတွေ့ပြီ “ ဆိုတဲ့ စကားပါပဲ။
  • ရေဒီယို တီထွင်ပြီး ၃၈ နှစ်အကြာမှာ ကမ္ဘာ့ဈေးကွက် သန်း ၅၀ ကို ရယူထားနိုင်ခဲ့ပြီး ရုပ်မြင်သံကြားတီထွင်ခဲ့ပြီး ၁၃ နှစ်အကြာမှာ ကမ္ဘာ့ဈေးကွက် သန်း ၅၀ ကို ရယူထားနိုင်ခဲ့ပါတယ်။ အိုင်ပေါ့ ကတော့ တီထွင်ပြီး ၃ နှစ်အကြာမှာ ကမ္ဘာ့ဈေးကွက် သုံးစွဲသူ သန်း ၅၀ ကို ရယူထားနိုင်ခဲ့ပါတယ်။
  • ကမ္ဘာပထမဆုံး ကင်မရာစတင်ပေါ်ပေါက်လာစဉ်က ဓါတ်ပုံတစ်ပုံ ရရှိဖို့အတွက် ကင်မရာရှေ့မှာ ရှစ် နာရီကျော် (၈ နာရီ ) ထိုင်ပြီး စောင့်ဆိုင်းခဲ့ရဖူးပါတယ်။
  • အီလက်ထရစ် ထိုင်ခုံကို တီထွင်ခဲ့တဲ့သူ ဟာ Alfred Southwick အမည်ရှိပြီး သူ ရဲ့ အလုပ် က သွားဆရာဝန်ပါ။
  • ကီးဘုတ် မှာ တဆက်တည်း ရိုက်လို့ရတဲ့ အမေရိကန်ပြည်နယ် တစ်ခု ကတော့ Alaska (အလက်စကာ) ပြည်နယ် ပဲ ဖြစ်ပါတယ်။
  • Apple II စတင်ဖြန့်ချိတဲ့အချိန်မှာ သူရဲ့ သိုလှောင်စနစ် HDD ဟာ 5Mb ပဲ ရှိခဲ့ပါတယ်။
  • မော်နီတာ ပေါ်မှာ ဖတ်ရှုရတာဟာ စာရွက်ပေါ်မှာ ဖတ်ရှုရတာထက် ၁၀ ရာခိုင်နှုန်း စာဖတ်နှေးသွားလေ့ရှိပါတယ်။
  • Ubuntu (အူဘန်းတု) ဟာ ကမ္ဘာပေါ်မှာ ပေါ်ပြူလာ အဖြစ်ဆုံး Linux စနစ်တစ်ခု ဖြစ်ပြီး အာဖိရိကန် ဘာသာစကား နဲ့ ပြောပြရင်တော့ Ubuntu ဆိုတာ မင်းကြောင့် လို့ အဓိပ္ပါယ်ရှိပါတယ်။
  • ဂူးဂဲလ် ရဲ့ ရုံးချုပ်စတင် တည်ဆောက်တုန်း က အဲဒီနေရာ ကို ကာလဖိုးနီးယား စားကျက်မြေ လို့ ခေါ်ဆိုခဲ့ပြီး ဂူးဂဲလ် ဟာ ကုမ္ပဏီတည်ဆောက်ဖို့အတွက် အရင်ဦးဆုံး ဆိတ်တွေ အများကြီး ကို ငှားရမ်းခဲ့ရပါတယ်။ အကြောင်းကတော့ အဲဒီစားကျက်မြေထဲမှာ အလေ့ကျ ရှင်သန်ပြီး တောထနေတဲ့ ဆေးခြောက်ပင်တွေ ကို ရှင်းလင်းပစ်ဖို့အတွက်ပဲ ဖြစ်ပါတယ်။
  • Apple ကုမ္ပဏီ ရဲ့ ပထမဆုံး လိုဂိုဒီဇိုင်း ဟာ သစ်ပင်တစ်ပင် အောက်မှာ သင်္ချာပညာရှင် အိုင်ဇက်နယူတန် ထိုင်နေတဲ့ ပုံ ဖြစ်ခဲ့ပြီး နည်းပညာလောက မှာ တင်စားခေါ်ဆိုကြတဲ့ ပန်းသီး ၃ လုံး ရဲ့ ပထမဆုံး ပန်းသီး ပိုင်ရှင်လည်း ဖြစ်ပါတယ်။

2

 

 

      Ref : Factside

 

Comments

comments

Top