TikTok မှာ Follower သန်း ၁၀၀ အစောဆုံးရသွားတဲ့ ၁၆ နှစ်အရွယ် မိန်းမလှလေး

အသက် ၁၆ နှစ်ပဲရှိ‌သေးတဲ့ မိန်းမလှ‌လေး Charli D’Amelio ဟာ TikTok မှာ Follower သန်း ၁၀၀ အစောဆုံးရသွားသူ အဖြစ် မှတ်တမ်းဝင်သွားပါတယ်။ သူမဟာ အမေရိကန် ပြည်ထောင်စု ကွန်နက်တိကတ်၊ နော်ဝေါ့မှာ နေထိုင်သူ ဖြစ်ပြီး သူမရဲ့ သမိုင်းဝင် အောင်မြင်မှုအတွက် Fans တွေကို တွစ်တာမှာ ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

သူမက အများလိုပဲ အိပ်ခန်းထဲကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို TikTok မှာ မျှဝေနေတာ ဖြစ်ပါတယ်။ သူမဟာ TikTok အပြင် တခြား ပလက်ဖောင်းတွေမှာလည်း ဒီနှစ်အတွင်း အောင်မြင်မှု အရမ်းမြင့်တက်ခဲ့ပါတယ်။ သူမဟာ ဧပြီလမှာလည်း Follower သန်း ၅၀ ပြည့်သွားတဲ့ ပထမဆုံး သူ ဖြစ်ခဲ့ပါတယ်။

သူမဟာ ပထမဆုံး အသံသရုပ်ဆောင်အဖြစ် ၂၀၁၉ ထုတ် Animation ရုပ်ရှင်ကား ဖြစ်တဲ့ Stardog and Turbocat မှာ ပါဝင်ခဲ့ပါတယ်။ သူမဟာ နိုင်ငံတကာ ဖက်ရှင်နဲ့ အလှကုန် ဘရန်းတွေအတွက်လည်း ကြော်ငြာတွေ ရိုက်ကူးပေးခဲ့ပါတယ်။ သူမရဲ့ ပထမဆုံး စာအုပ် ဖြစ်တဲ့ Charli: The Ultimate Guide To Keeping It Real ကို ဒီနှစ်နှောင်းပိုင်းမှာ ရောင်းချမှာ ဖြစ်ပါတယ်။

Ref : bbc

%d bloggers like this: