48MP ကင်မရာနဲ့ 6,000mAh ဘက်ထရီပါတဲ့ Poco M3 ကို ကြေညာပြီ

Poco က တန်ဖိုးနည်း ဖုန်း M3 ကို နိုင်ငံတကာအတွက် ကြေညာလိုက်ပါတယ်။ သူ့မှာ ၆.၅၃ လက်မ Full HD+ LCD Dotdrop မျက်နှာပြင် ထည့်သွင်းထားပြီး Screen-to-body Ratio က ၉၀.၃၄ ရာခိုင်နှုန်း ဖြစ်ပါတယ်။ Snapdragon 662 SoC မောင်းနှင်ထားပြီး အနောက်ဘက်မှာ 48MP Main , 2MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံး ထည့်သွင်းထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပါတယ်။

အနောက်ဘက်ဟာ Two-tone ဒီဇိုင်း ဖြစ်ပြီး လက်ဗွေရာ မကျန်အောင် ပြုလုပ်ထားပါတယ်။ ဘေးဘက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး အရွယ်ကြီး 6,000mAhဘက်ထရီနဲ့ 18W Fast Charging ထောက်ပံ့ထားပါတယ်။

POCO M3 specifications

• 6.53-inch (2340 × 1080 pixels) Full HD+ 19.5:9 LCD screen with Corning Gorilla Glass 3 protection
• Octa Core Snapdragon 662 11nm Mobile Platform (Quad 2GHz Kryo 260 + Quad 1.8GHz Kryo 260 CPUs) with Adreno 610 GPU
• 4GB LPPDDR4x RAM with 64GB (UFS 2.1) / 128GB (UFS 2.2) storage, expandable memory up to 512GB with microSD
• Dual SIM (nano + nano + microSD)
• Android 10 with MIUI 12
• 48MP rear camera with f/1.79 aperture, LED flash, 2MP depth, 2MP 4cm macro camera with f/2.4 aperture
• 8MP front camera with f/2.05 aperture
• Side-mounted fingerprint sensor, IR sensor
• 3.5mm audio jack, FM Radio, Stereo speakers
• Dimensions: 162.3×77.3×9.6mm; Weight: 198g
• Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS + GLONASS, USB Type-C
• 6000mAh (Typical) / 5900mAh (minimum) battery with 18W fast charging

Poco M3 အတွက် Power Black , Cool Blue နဲ့ Poco Yellow ၃ ရောင် ထုတ်လုပ်ထားပြီး 4/64GB ကို ၁၄၉ ဒေါ်လာနဲ့ 4/128GB ကို ၁၆၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ၁ သိန်း ၉ သောင်းနဲ့ ၂ သိန်း ၂ သောင်းလောက် အသီးသီး ကျသင့်မှာပါ။

Ref : fonearena

%d bloggers like this: