Redmi Note 9 Pro 5G ရဲ့ Official ဓါတ်ပုံ ၁ ပုံကို ပြသလိုက်ပြီ

Redmi Note 9 Series ဖုန်း အသစ်တွေရဲ့ သတင်းတွေ တစ်နေ့တစ်မျိုး မရိုးနိုင်အောင် ထွက်နေပါတယ်။ Xiaomi ဟာ Redmi Note 9 Series ဖုန်းများစွာကို နိုင်ငံများစွာမှာ ကြေညာထားပြီးပြီ ဖြစ်ပေမယ့် တရုတ်မှာ မကြေညာရသေးပါဘူး။ ၂၆ ရက်နေ့ တရုတ်မှာ ကြေညာမယ်လို့ မကြာခင်က အတည်ပြုခဲ့ပါတယ်။ Note 9 4G, Note 9 5G နဲ့ Note 9 Pro 5G တို့ ပါလာနိုင်ပြီး 5G ပါတဲ့ ပထမဆုံး Redmi Note 9 ဖုန်းတွေ ဖြစ်လာတော့မှာပါ။

အခုတော့ Redmi ရဲ့ အထွေထွေ မန်နေဂျာ Lu Weibing က Redmi Note 9 Pro 5G ရဲ့ ဓါတ်ပုံ ၁ ပုံကို ပြသလိုက်ပြီး အနောက်ဘက် ဒီဇိုင်းကို လေ့လာလို့ရလာပါတယ်။ ဒီဇိုင်းအရ Xiaomi Mi 10T Lite ကို တရုတ်မှာ Redmi Note 9 Pro 5G နာမည်နဲ့ကြေညာတာ ဖြစ်နိုင်ပါတယ်။ ပင်မ ကင်မရာပဲ ကွဲပြားမယ်လို့ ပြောကြပါတယ်။ ဓါတ်ပုံမှာ Mi 10T Lite ရဲ့ Rose Gold Bleach အရောင်ကို တွေ့ရပါတယ်။

မကြာခင်က TENAA မှာ Note 9 Pro 5G ရဲ့ Specs တွေ ပေါက်ကြားထွက်ပေါ်လာခဲ့ပြီး အောက်မှာ လေ့လာနိုင်ပါတယ်။

Redmi Note 9 Pro 5G (M2007J17C) rumoured specifications

• 6.67-inch (1080 × 2400 pixels) Full HD+ 20:9 LCD 2.5D DotDisplay with 120Hz refresh rate, HDR10, 84% NTSC color gamut, 450 nits brightness, Corning Gorilla Glass 5 protection
• Octa Core (2.2GHz Dual + 1.8GHz Hexa Kryo 570 CPUs) Snapdragon 750G 8nm Mobile Platform with Adreno 619 GPU
• 6GB LPDDR4X RAM with 64GB / 128GB / 256GB (UFS 2.1) storage, expandable memory up to 2TB
• Android 10 with MIUI 12
• Dual SIM
• 108MP rear camera with LED Flash, 8MP 120° ultra-wide sensor, 2MP depth and 2MP macro sensor
• 16MP front-facing camera
• Side-mounted fingerprint sensor, IR sensor
• USB Type-C audio, Stereo speakers, Hi-Res audio
• Dimensions: 165.4×76.8×9.0mm; Weight:214.5g
• 5G SA/ NSA, Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz) 2 x 2 MIMO, VoWiFi, Bluetooth 5, GPS/GLONASS/Beidou, USB Type-C
• 4820mAh (Typical) / 4720mAh (Minimum) battery with 33W fast charging

Ref : gizmochina

%d bloggers like this: