ကျပ် သိန်း ၆၀၀ နီးပါး တန်ဖိုးရှိ Xiaomi ထုတ်ကုန် အတုတွေ အိန္ဒိယမှာ ဖမ်းမိ

Xiaomi က အိန္ဒိယ နိုင်ငံ တောင်ပိုင်းမှာ ကုမ္ပဏီရဲ့ ထုတ်ကုန် အတုတွေ ဖမ်းမိတယ်လို့ ကြေညာလိုက်ပါတယ်။ ဒေါ်လာ ၄၅,၀၀၀ လောက်တန်ကြေးရှိပြီး မြန်မာငွေ ကျပ် သိန်း ၆၀၀ လောက် ရှိတဲ့အတွက် နည်းနည်းနောနော မဟုတ်ပါဘူး။

Chennai, Tamil Nadu နဲ့ Bangalore, Karnataka က Supplier ၄ ခုကနေ ဖမ်းမိတာလို့ Xiaomi က ပြောပါတယ်။ Xiaomi ရဲ့ ထုတ်ကုန်အတု ရှာဖွေတဲ့ အစီအစဉ်ကနေ ဒီလို ဖမ်းမိတာ ဖြစ်ပါတယ်။ ရဲစခန်းမှာ အမှုဖွင့်ထားပြီး အောက်တိုဘာလနဲ့ နိုဝင်ဘာလအကြားမှာ ဖမ်းမိတဲ့ သက်သေခံ ထုတ်ကုန်တွေကို တင်ပြထားပါတယ်။

Xiaomi ရဲ့အရာရှိတွေနဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းပြီး နာမည်ကြီး စတိုးဆိုင် ၃ ခုကနေ ထုတ်ကုန် အတုတွေကို ဖမ်းဆည်းနိုင်ခဲ့တာဖြစ်ပါတယ်။ ထုတ်ကုန် စုစုပေါင်း ၃၀၀၀ ထောင်ကျော် ပါလာပြီး ဖုန်း ကာဘာ၊ နားကြပ်၊ ပါဝါဘန့်၊ အားသွင်းစက်တွေ ပါဝင်ပါတယ်။

စစ်ဆေးမှုအရ အဲဒီ စတိုးဆိုင်တွေဟာ ထုတ်ကုန် အတုတွေ ရောင်းချနေတာ တော်တော်ကြာနေပြီဖြစ်ပြီး ထုတ်ကုန် အတုများစွာကို ရောင်းချထားပြီးပြီလို့ သိရပါတယ်။

Ref : gizmochina

%d bloggers like this: