iOS 15 ရမယ့် iPhone စာရင်း ထွက်ပေါ်လာ

Android ဖုန်း ကုမ္ပဏီတွေဟာ ဖုန်း အဟောင်းတွေအတွက် OS Update ကို ရပ်နားလေ့ရှိပါတယ်။ ဒါပေမယ့် Apple ကတော့ သူ့ရဲ့ ဖုန်း အဟောင်းအားလုံးအတွက် iOS Update ကို ဖြန့်ချိပေးလေ့ရှိပါတယ်။ အခုတော့ Apple လည်း Android လမ်းစဉ်နောက်ကို လိုက်တော့မယ်လို့ ထင်ပါတယ်။

Apple ဟာ နောက်နှစ် ဖြန့်ချိမယ့် iOS 15 ကို iPhone SE (1st Gen), iPhone 6s နဲ့ iPhone 6s Plus တို့အတွက် မပေးတော့ဘူးလို့ သတင်းထွက်လာပါတယ်။ အဲဒီဖုန်း အားလုံးဟာ iOS 14 ရခဲ့ကြပြီး နောက်နှစ်မှာတော့ ဝမ်းနည်းစရာ ဖြစ်လာမှာပါ။

iOS 15 ရမယ့် ဖုန်း စာရင်းကို အောက်မှာ လေ့လာပါ။

List of iPhones to support Apple iOS 15

• 2021 iPhone lineup
• iPhone 12 Pro Max
• iPhone 12 Pro
• iPhone-12 mini
• iPhone 12
• iPhone 11
• iPhone-11 Pro
• iPhone 11 Pro Max
• iPhone XS
• iPhone-XS Max
• iPhone XR
• iPhone X
• iPhone-8
• iPhone 8 Plus
• iPhone 7
• iPhone-7 Plus
• iPhone SE (2nd generation)
• iPod touch (7th generation)

ဒါဟာ Apple က တရားဝင် ထုတ်ပြန်တဲ့ စာရင်း မဟုတ်တဲ့အတွက် အပြောင်းအလဲ ဖြစ်သွားနိုင်ပါတယ်။

Ref : gizchina

%d bloggers like this: